Unicode;'ရေးးး ပြီးပြီ
ငါတို့ကျောင်းပြီးပြီကွ!!..'ကျောင်းခေါင်းလောင်းထိုးသံကြောင့်ကျောင်းဝန်းထဲမှပြေးထွက်လာသည့်ကောင်လေးကပါးစပ်ကနေလည်း အော်ဟစ်လာသေး၏။သိပ်ကိုပျော်ရွှင်နေသည့်ကျောင်းသားကျောင်းသူများကခါတိုင်းနေတွေလို မိဘတွေကိုတောင်လာမကြိုခိုင်းတော့ပဲ သူငယ်ချင်းတွေနှင့်
အပျော်အပါးသွားကြတော့သည်။ထိုထဲတွင်မတူညီစွာကားတံခါးကိုမှီရင်းလက်ပိုက်ကြည့်နေသည့်အမျိုးသားက နေရိပ်သည့်နေရာတွင်ကားကိုရပ်ထား၏။တက်တက်ကြွကြွထိုအမျိုးသားဘေးလာရပ်သည့်ကောင်လေးက သွားတက်လေးပေါ်အောင်ပြုံးပြ၍ ကားထဲကိုချောင်းကြည့်နေ၏။
'ရွှမ်းအာ ပါမလာဘူး
ဂျူတီရှိနေတယ်..'ထိုအမျိုးသား၏အပြောကြောင့် သဘောပေါက်သလိုခေါင်းငြှိမ့်ပြကာလေတစ်ချွန်ချွန်ဖြင့်ကားထဲဝင်ထိုင်သည့်ကောင်လေး။သို့သော် တစ်ယောက်သောသူပြန်မလာသေးသည့်အတွက် ထိုအမျိုးသားခင်ဗျာကားထဲမဝင်သေးချေ။
'ဝမ် ရောကျိုးယွမ်..'
'အာ သူကဆရာမတစ်ချက်ခေါ်ထားလို့ကိုကြီး..'
ကားပြတင်းပေါက်ကနေခေါင်းထွက်ကာဖြေလာသည့်ကောင်လေးကထိုအမျိုးသားနည်းတူ ကျောင်းပေါက်ဝကိုမျှော်နေသည်။မကြာလိုက် လွယ်အိတ်ကျိုးကိုကိုင်ကာကျောင်းဝန်းထဲမှပြေးလာသည့်ကောင်လေး။ထိုကောင်လေးကိုတွေ့တော့ ခြေလှမ်းကျဲဖြင့်ထွက်သွားသည့်အမျိုးသားက ပြေးလာသည့်ကောင်လေးကိုပွေ့လိုက်ကာ ကိုယ်လုံးသေးသေးလေးကိုလေထဲတွင်ဝှေ့ယမ်းလိုက်၏။
နှစ်ပတ်လည်သွားသည့်ကောင်လေးကထိုအမျိုးသား၏လည်ပင်ကိုတင်းကြပ်စွာဖတ်ကာ ပါးလေးမို့တက်သည်အထိပြုံးပြသည်။
'ဂုဏ်ပြုပါတယ်နော် စာမေးပွဲကိုအကောင်းဆုံး
ကျော်ဖြတ်ပေးခဲ့လို့..'ပါးလေးကိုမွှေးကြူရင်းပြောလာသည့်အမျိုးသားကြောင့်ခေါင်းလေးငြှိမ့်ကာနာခံသည့်ကောင်လေး။ထိုကောင်လေးနှစ်ယောက်၏မနီးမဝေးတွင်ရှိနေသည့်ကောင်လေးက ကားပြတင်းပေါက်မှ မကျေနပ်သလိုမျက်စောင်းလှမ်းထိုးကာ ကားထဲခေါင်းပြန်လှည့်၍မကျေမနပ်ရွတ်ဆိုသည်။