Unicode;
'ပူအိုက်လိုက်တာ...'
မကျေမနပ်ညီးညူလာသည့်အသံနှင့်အတူ ကိုင်ထားသည့် စာရွက်များကိုယက်တောင်အဖြစ်လုပ်ကာတစ်ဖျတ်ဖျတ်ခပ်နေသည့်ကောင်လေးသည် စိတ်ကျဉ်းကျပ်သည့်နှယ်။လူပျိုပေါက်ဖြစ်သည့်နည်းတူ အသားအရည်ကြည်လင်၊စိုပြည်နေကာ ယနေ့မှလိမ်းခြည်ထားသည့်ခပ်ပါးပါးမိတ်ကပ်တစ်ချို့ကြောင့်ပို၍ပင်နုပျိုနေဟန်။
အကြောင်းမှာယနေ့ကျင်းပမည့်ကျောင်းပေါင်းစုံ ဆုံညီပွဲတော်ကြောင့်ပင်ဖြစ်၏။အခမ်းအနားမှူးတာဝန်ခံအ
ဖြစ်ထိုကောင်လေးနှစ်ယောက်သည် ကုဒ်အင်္ကျီအဖြူဝမ်းဆက်ဖြင့် တင့်တယ်နေသည်။ကာလာစုံတွေကြားထဲထင်းထွက်နေသည့်အဖြူရောင်နတ်သူငယ်နှစ်ဦးသည် အတွဲညီပေ၏။'ရိပေါ်ဘယ်အချိန်ရှိပြီလဲ..'
'ဆယ့်တစ်..'
လေပူတစ်ချက်မှုတ်ထုတ်ကာ လက်ထဲရှိစာရွက်များအားလှန်လှောကြည့်နေသည့်ကောင်လေးသည် ငူငူငိုင်ငိုင်ဖြင့်
လက်လေးချောင်းထောင်ပြသည်။'ပွဲစဉ်လေးပွဲကျန်သေးတယ်..'
တစ်ဖွဲ့ပြီးတစ်ဖွဲ့ဖျော်ဖြေပြီး ဆုကြေးငွေချီးမြှင့်ရန် ဆရာကြီးအားဖိတ်ကြားမှုတာဝန်သည် အခမ်းအနားမှုး၏တာဝန်ဖြစ်၏။လေ့ကျင့်ချိန်တွင်အမှားမရှိအောင်လေ့ကျင့်ထားသည့်နည်းတူ ရင်တုန်သည်ကလွဲ၍ အမှားတစ်စုံတစ်ရာမရှိခဲ့ချေ။ဤကားကြိုးစားမှု၏ရလဒ်ပင်ဖြစ်၏။
'ဟိတ်! ကလေးတွေ..'
'ကိုကြီး..' 'ဒေါက်တာ..'
ဘွားကနဲပေါ်လာသည့်အမျိုးသားသည် အပြုံးပန်းအားလှပစွာချိတ်ဆွဲထားသည်။ပွဲထဲရှိလူတွေအားလုံးမဟုတ်ရင်တောင် အနီးအနားရှိလူများငေးမောရလောက်သည်အထိ စွမ်းဆောင်နိုင်သည်။
'ဒေါက်တာက..ဘယ်လို..'
'ကိုက ကျန်းမာရေးနဲ့ပတ်သတ်ပြီးလာ
ဟောပေးမှာ ဆရာဝန်ကြီးကမအားလို့..'ထိုစကားအားကြားသည်နှင့် ကောင်လေးနှစ်ယောက်သည်စားပွဲပေါ်တွင်တင်ထားသည့် စာရွက်အားအလောတကြီးလှန်ကြည့်နေ၏။