Unicode;
'ရိပေါ် ညနေငါတို့တစ်နေရာရာသွားရအောင်..'
'ကျူရှင်ရှိတယ်လေ..'
'လာပြန်ပြီ ဒီကျူရှင်
အခုတောင်စာလုပ်ရလို့ပျင်းနေပါတယ်ဆို..'ပုစ္ဆာတွက်နေဟန်တူသည့်ကောင်လေးသည် ပျင်းသလိုငြီးကာကိုင်ထားသည့်ဘောပင်ကိုချ၍ အနောက်တွင်ရှိသောဆိုဖာပေါ်ခေါင်းတင်လိုက်၏။လေအေးပေးစက်ဖွင့်ထားသည့်အခန်းထဲတွင် စာရွက်များ၏တစ်ရှပ်ရှပ်လှန်သံနှင့် စာကျက်သံတိုးတိုးမှအပမည်သည့်အသံမှမကြားရပေ။
နွေရာသီဖြစ်၍ဥဩငှက်၏တွန်သံကိုမကြာခဏကြားရတတ်သည်။လေတဖြူးဖြူးနှင့်အတော်လေးနေလို့ကောင်းသည့်ထင် ခဏခဏသန်းဝေနေသည့်ကောင်လေးမှာမူ ဆိုဖာပေါ်ကုပ်တက်ကာ ခြေဆန့်လျက်မှောက်ခုံအိပ်နေ၏။
'ကျိုးယွမ် စာတွက်လို့မပြီးသေးဘူးလေ
ပြီးမှအိပ်..''စာကျပိုးပဲ ဝမ်ရိပေါ်..'
မျက်လုံးမှိတ်နေရာမှခပ်တိုးတိုးရေရွတ်လာသည့်ကောင်လေးသည် ခဏလေးအတွင်းအသက်ရှုသံမှန်မှန်ဖြင့် မှောက်ခုံရက်အိပ်ပျော်သွား၏။သို့သော် စာတစ်ကုပ်ကုပ်
လုပ်နေသည့်ကောင်လေးသည် တစ်ချက်ကလေးမျှငြီးငြူသံမကြားရပဲ ခပ်တိုးတိုးဖွင့်ထားသည့်သီချင်းသံသာကြားရသည်။'ဝမ်~..'
'ကို ကို..'
ခြေသံခပ်ဖွဖွလေးနင်းကာ စာလုပ်နေသည့်ကောင်လေးနားထိုင်ချလိုက်သည့်အမျိုးသားသည်လက်ထဲတွင်စားစရာမုန့်တွေအပြည့်။စာတွက်နေရင်းနှင့်မှ ထိုသူကိုတွေ့တော့ပြုံးသွားသည့်ကောင်လေး။ပါးတစ်ဖက်ဖောင်းကာ အနမ်းတောင်းနေသည့်အမျိုးသားကြောင့်ခပ်ဖွဖွဖိနမ်းပေးတော့နဖူးပေါ်ကျရောက်လာသည့်အနမ်းနွေးနွေးလေး။
'ကျိုးယွမ်အိပ်နေတာကြာပြီလား..'
'ဟအင့်..'
လေသံထွက်ရုံလောက်သာမေးလာသည့်အမျိုးသားကဆိုဖာပေါ်မှောက်ယက်ကလေးအိပ်ပျော်နေသည့်ကောင်လေးကို ကြည့်လိုက်သည်။ခဏစောင့်ဟုဆိုကာ စာပြန်တွက်နေသည့်ကောင်လေးက စာလုပ်နေလျှင်မည်သူလာလာအာရုံထဲမထည့်ထားတတ်ပေ။