Unicode;အေးမြသည့်လရောင်အောက်ဝယ် လေလေးတဖြူးဖြူးဖြင့်ပတ်ဝန်းကျင်သည် နှစ်သက်ဖွယ်ကောင်း၏။ကျိုးတိုးကျဲတဲ တဲအိမ်လေးများသည်တစ်ခုနှင့်တစ်ခုအနည်းငယ်ခွာ၏။တဲအိမ်လေးများ၏ဘေးပတ်ပတ်လည်တွင် အဝါရောင်မီးလုံးများဖြင့်အလှဆင်ထားကာ အပန်းဖြေလာသူများတစ်ညအိပ်အနားယူစေရန် ထိုအိမ်လေးတွင်ကုတင်တစ်လုံးနှင့်စားပွဲပုလေးတစ်လုံးရယ် မကြီးမငယ်နံရံကပ်TVရယ် နှစ်ယောက်ထိုင်ဆိုဖာလေးရယ်ဖြင့်သန့်ရှင်းသပ်ရပ်နေသည့် အိမ်လေးသည်နေချင့်စဖွယ်ကောင်း၏။
တောင်ပေါ်တွင်တည်ရှိနေသည့်campingသည် မြို့ပြများနှင့်ဝေးကွာကာ ထိုတောင်ပေါ်မှနေ၍မြို့ပြအလှကိုခံစားလို့ရ၏။ဘန်ဂလိုတစ်လုံးနှင့်တစ်လုံးအနည်းငယ်ခြားထားကာ သီးသန့်ဆန်ဆန်လေးမို့မိသားစုအလိုက်သော်လည်းကောင်းသူငယ်ချင်းများနှင့်သော်လည်း
ကောင်း ချစ်သူစုံတွဲအနေဖြင့်သော်လည်းကောင်း လာရောက်လည်ပတ်ရန်သင့်တော်သည့်နေရာဖြစ်၏။ထို့ပြင်ဘန်ကလိုအပြင်ဘက်တွင်အနားယူရန် ထိုခုံပုလေးနှင့်အလှပန်းအုံးများရှိသောကြောင့်ညနက်ဘက်အထိ စကားပြောနိုင်ရန်စီစဉ်ထားပေးသေး၏။
'ဝမ် ဘာလုပ်နေတာလဲ..'
ဖုန်းစခရင်ကိုသဲကြီးမဲကြီးကြည့်ကာနှုတ်ခမ်းလေးဆူရင်းတစ်ခုခုအလိုမကျဖြစ်နေသည့်ကောင်လေးသည် ဘေးနားတွင်ဝင်ထိုင်ကာမေးလိုက်သည့်အမျိုးသားကြောင့်ဖုန်းကိုအပြန်ပိတ်လိုက်၏။မျက်စိလျှင်လှသည့်အမျိုးသားသည်ထိုကောင်လေးပိုစ့်တစ်ခုအောက်တွင်မန့်ထားသည့်commentကိုဖတ်ကာအလိုမကျဖြစ် နေသည်ကိုသတိထားမိ၏။သေချာပေါက်ထိုပိုစ့်တင်သည့်ပိုင်ရှင်သည် ကာယကံရှင်အမျိုးသားသာဖြစ်၏။
'ဘာကြည့်နေတာလဲ
ကို့ကိုပြကြည့်..''အာ ဘာမှမဟုတ်ဘူး..'
ဒူးအထက်ဘောင်းဘီကိုဟူဒီအပြုနုရောင်လေးဖြင့်တွဲဝတ်ထားသည့်ကောင်လေးသည် လူငယ်ဆန်ကာအင်မတန်မှချစ်ဖို့ကောင်းနေ၏။ရေမိုးချိုးထားသောကြောင့်မျက်နှာရှင်းသန့်သန့်လေးသည် မီးရောင်အောက်တွင်ဝင်းဖန့်နေ၏။