Unicode;
'အမိုး..'
'ဟေ..'
'ရေခဲသေတ္တာထဲက သစ်သီးခြောက်
ထုပ်တွေရော..''အဲ့ဒါ သားဖေဖေကြိုက်လို့ဆိုပြီး
ဒီမနက်ရုံးသွားတော့ယူသွားတယ်ကွဲ့..''ဟွန့်!..'
မိခင်၏စကားသံအဆုံးအလိုမကျသလိုနှာခေါင်းလေးရှုံ့ကာ နှုတ်ခမ်းလေးကိုအနည်းငယ်စူထားသေး၏။
ခေါင်းစွပ်အညိုရောင် ဟူဒီအပွအညိုရောင်နှင့်ခပ်ထူထူဘောင်းဘီအဖြူရောင်တို့ကြားမြုပ်နေသည့်ကောင်လေးသည် ဒီနေ့တော့ဝက်ဝံပေါက်လေးအတိုင်းပင်။'စမ်းကြည့်ရအောင် ကိုယ်ပူနေသေးလား..'
ထမင်းစားဝိုင်းတွင်ဝင်ထိုင်နေသည့်ကောင်လေးအား
မိခင်ဖြစ်သူမှ ခေါင်းစွပ်လေးကိုအနည်းငယ်လှန်ကာ ကိုယ်ပူကျမကျစမ်းနေ၏။မနေ့ကအဖျားကြီးထားသည့်ထင် ပါးဖောင်းဖောင်းနှစ်ဖက်သည် ဒီနေ့တော့ပါးထဲမှလေထုတ်လိုက်သည့်အတိုင်း အနည်းငယ်ပိန်ကျသွားသည်။'နည်းနည်းနွေးနေသေးတယ်
သားငယ်ကျောင်းမသွားနဲ့အုံး..''ဟုတ်ကဲ့...'
'အမိုး ကျိုးယွမ်ဆီဖုန်းဆက်ပေးမယ်
အိမ်ပေါ်ထပ်တက်တော့ တော်ကြာ
နှာစေးနေအုံးမယ်..'ခေါင်းလေးငြှိမ့်ကာနာခံသည့်ကောင်လေးသည် မိခင်ဖြစ်သူထံပါးတစ်ဖက်ထိုးပေးသည် ဆိုလိုသည်မှာ သူ့ကိုအနမ်းပေးရန်ဖြစ်သည်။
'မွ! သွားအပေါ်မှာသွားနားတော့..'
ပါးနှစ်ဖက်ကိုမွှေးကြူပြီးနှာလုံးလုံးလေးညှစ်ကာ အူယားစဖွယ်ပြောလာသည့်အန်တီကြီးသည် သေချာကြည့်လျှင် ပါးချိုင့်ရေးရေးလေးပါရှိသည်။ကောင်လေး၏နှာတံလုံးလုံးလေးသည် မိခင်ဖြစ်သူမှအမွေရထားသည့်ထင် ကြည့်ရမဆိုးပဲ ချစ်ဖို့ကောင်းအောင်
တမင်ဖန်ဆင်းထားခြင်းဖြစ်သည်။••••••••••••••••
ကျောင်းဖွင့်ရက်ဖြစ်သည့်အလျှောက် နေ့ခင်း ဆယ်နာရီကျော်ကျော်သည် လမ်းမထက်တွင်လူသူရှင်းလင်းနေ၏။ဆောင်းတွင်းဖြစ်သောကြောင့်နေမြင့်လေလေ
ပိုပြီးအေးလာလေလေ။လေတစ်ချက်ဝှေ့တိုက်တိုင်း အသည်းထိစိမ့်အောင်အေးစေသည်။