Part 12♡

491 42 10
                                    

Unicode;

'ကိုကြီး ဟိုမှာကောင်းကောင်းနေနော်
ကျွန်တော်တို့ကနောက်လဆိုစာမေးပွဲပြီးပြီဆိုတော့
ပြီးရင်လာလည်မယ်....'

'အင်းပါကျိုးယွမ်းလည်းစာမေးပွဲကို
သေသေချာချာဖြေခဲ့..'

'ဟုတ်ကဲ့..'

ဆေးရုံဝန်းအတွင်းရှိ သစ်ပင်အောက်တွင်မတ်တပ်ရပ်ကာငုပ်တုပ်ကလေးမေ့နေသည့်ကောင်လေးသည် ကျော‌ပိုးအိတ်ကိုတင်းနေအောင်စုပ်ကိုင်ထားသေး၏။အပြန်အလှန်နှုတ်ဆက်စကားဆိုနေသည့်လူအုပ်ကြီးကိုအကြည့်ပို့ကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည့်ကောင်လေးသည် ငိုချင်စိတ်ကိုထိန်းထားသည့်ဟန်။

ဖြူဖွေးနုဖတ်နေသည့်အသားအရည်သည် ယခုတွင်မူ
နှာခေါင်းထိပ်လေးနီရဲကာမျက်ခမ်းစပ်များလဲနီရဲနေ၏။
အတော်လှမ်းသည့်အကွာအဝေးတွင် စေတနာ့ဝန်ထမ်းများနှင့်အခြားဆရာဝန်များသည် ကိုယ့်မိသားစုနှင့်ကိုယ်စကားပြောနေကြသည်။

အချိန်နှစ်လဆိုသည်မကြာသော်လည်း နေ့စဉ်‌
အသွားအလာရှိကာတွေ့ဆုံနေကြသူအဖို့အတော်လေး
ကြာသည့်အချိန်ကာလပင်။နုနုငယ်ငယ်နှလုံးသားထံတိုးဝင်လာသည့် ချစ်ခြင်းကမူ ယခုတွင်ခွဲခွာခြင်းဖြင့်အစပြုလေသည်။

'မားတို့ အရင်သွားလိုက်မယ်နော်
သားကျန့်..'

'ကိုကြီး သွားမယ်နော်..'

မိသားစုကိုဆေးရုံပေါက်ဝအထိလက်ပြနှုတ်ဆက်ပြီး ပြန်ကွေ့ဝင်လာသည့်အမျိုးသားသည် သစ်ပင်အရိပ်အောက်တွင်ရပ်နေသည့်အရိပ်လေးအားတွေ့သည်နှင့်စိတ်လိုလက်ရပြုံးကာ ထိုအရိပ်လေးထံအပြေးတစ်ပိုင်းသွား၏။

'ဘယ်တုန်းကရောက်...'

ပြောစကားပင်မဆုံးသေးရင်ခွင်ထဲ‌ခိုဝင်လာသည့်ကိုယ်လုံးလေးကြောင့်ကြောင်အစွာရပ်နေသော်လည်းတစ်သိမ့်သိမ့်တုန်လာသည်ပုခုံးကြောင့် ထိုကောင်ငယ်လေးငိုနေမှန်းသိလိုက်ရ၏။ဂျူတီကုပ်နှင့်အမျိုးသား၏ ခါးစကိုတင်းတင်းစုပ်ကာ ရှိုက်သံလေးပါထွက်အောင်ငိုနေသည့်ကောင်လေး၏ ဝမ်းနည်းမှုသည် ရာခိုင်နှုန်းမြင့်နေ၏။

After AllWhere stories live. Discover now