Part 14♡

472 41 3
                                    

Unicode;

နယ်မြို့လေး၏နံနက်ခင်းသည် ထင်ထားသည်ထက်ပို့၍အေးချမ်းနေ၏။ပြတင်းပေါက်မှတိုးဝင်လာသည် လေအေးအေးလေးသည် ကုတင်ပေါ်မှကောင်လေးအားကျီစယ်နေ၏။ဝင်းဝင်းမွတ်မွတ်အသားအရည်သည် နံနက်နေရောင်ခြည်ဖြာကျမှုကြောင့်ပို၍ ဖြူဝင်းနေ၏။

အချိန်အားဖြင့်ခုနှစ်နာရီဖြစ်သော်လည်းလှုပ်ရွလာသည့်ကောင်လေးသည် မျက်လုံးအစ်အစ်လေးအားမနည်းအားယူကာဖွင့်ရသည်။ငိုထားသည့်အရှိန်ကြောင့်တစ်ညလုံး တစ်ချက်မှမနိုးသောကြောင့်မျက်နှာလေးမှာတင်းတင်းကြည်ကြည်လေးဖြစ်နေ၏။

ရွှတ်!

'နိုးပြီလား..'

ခါးကိုဖက်ကာ ထိုကောင်လေးကိုဘေးတစ်စောင်းလက်ထောက်ပြီးကြည့်နေသည့်အမျိုးသားသည် အသည်းယားစဖွယ် ပါးဖောင်းဖောင်းလေးအားနမ်း
ရှိုက်လိုက်၏။ထိုအမျိုးသားရင်ခွင်ထဲရောက်နေသည့်ကောင်လေးမှ အနည်ူငယ်မြင့်သည့်အနေအထားရှိနေသည့်အမျိုးသားအားမော့ကြည့်ကာခေါင်းလေးငြှိမ့်ပြ၏။

'ဝမ်က မနက်အိပ်ရာထရင်တောင်
တအားချစ်ဖို့ကောင်နေတာ ကိုနဲ့
အတူနေရင် ဘယ်လိုလုပ်မလဲ..
အချိန်တိုင်းနမ်းချင်နေတော့မှာပဲ..'

'ကိုကို ကလဲ..'

မထိတထိစကားကြောင့်ရှက်သွားသည့်ကောင်လေးသည်
ရင်ခွင်ထဲခေါင်းလေးတိုးဝှေ့ထားသေး၏။ရင်ခွင်ထဲကကိုယ်လုံးလေးကိုခပ်တင်းတင်းပွေ့ဖက်တော့ နွေးကနဲဖြစ်သွားသည့်ရင်ဘတ်နှင့်အတူ တဒိတ်ဒိတ်လှိုက်ခုန်လာသည့်နှလုံးသားသည် ကောင်ငယ်လေး၏ပယောဂကြောင့်ဖြစ်သည်။

'အနမ်းသူခို့လေး လာစမ်း!..'

'ဟိ ဟိ ကိုကို ယားတယ်
ကိုကို ဟိ ..'

စောင်ပုံထဲရှိကောင်လေးကိုကလိထိုးတော့ တွန့်လိမ်အောင် ရုန်းသည့်ကောင်လေးသည် ရယ်သံတို့လဲမစဲပေ။
ကုတင်ပေါ်ကန့်လန့်ဖြတ်ကာလုံးပန်းနေရာမှ အတော်လေးမောနေသည့်ကောင်လေးကြောင့်စနေတာရပ်လိုက်၏။

'ဝမ်..'

အွန့်!.

ထိုအမျိုးသားအောက်တွင်ရှိနေသည့်ကောင်လေးကိုငုံ့နမ်းတော့ လည်တိုင်ကိုပြန်လည်သိုင်းဖက်လာသည့်ကောင်လေးကြောင့် အနမ်းတို့ကို မြှင့်တင်လိုက်၏။နူးနူးညံ့ညံ့နှုတ်ခမ်းသားတို့သည် ဘယ်အချိန်နမ်းနမ်းရိုးအီသွားခြင်းမရှိပေ။

After AllWhere stories live. Discover now