Unicode;'ဒီနေ့တော့ဒီလောက်ပဲ teachal
မနက်ဖြန်မနက်အချိန်ပိုယူမယ်အဆင်ပြေလား
ကလေးတို့..''ဟုတ်ကဲ့' 'ပြေပါတယ်'
'ငါမပြေဘူး..'
ဆရာမအမေးကိုအကုန်လုံးတစ်ညီတစ်ညွတ်တည်းအဖြေပေးသော်လည်းသူငယ်ချင်းဘေးနားသို့ကပ်ကာ
စာအုပ်ကိုသိမ်းရင်းဆိုလာသည့်ကောင်လေးကအငြင်းသဘောဆောင်နေသည်။နေ့လည်ခင်းဖြစ်သည့်အလျှောက် အခန်းထဲမှအပြင်ကိုထွက်သည်နှင့် ရေခဲတုန်းအရည်ဖျော်ချခံရသလိုပူလောင်လှ၏။'ရိပေါ်ငါ့အိမ်မှာအိပ်မယ်မလား..'
'အင်း..'
'ဟိုမှာ ရေခဲမုန့်သွားစားရအောင်..'
တိုက်၏ဘေးဘက်တွင်ရပ်ထားသည့်ဆိုင်ကိုမေ့ငေါ့ပြသည့်ကောင်လေးကအလျှင်အမြန်သူငယ်ချင်းလက်ကိုဆွဲကာထိုဆိုင်သို့အပြေးသွား၏။
'ချောကလက်တစ်ခွက် ရိပေါ်မင်းရော..'
'သခွားမွှေး..'
ဆိုင်ခန်းကအရမ်းကြီးမကြီးသော်လည်း ရေခဲ့မုန့်ဆိုင်လေးကဆော်တော်လေးချစ်ဖို့ကောင်း၏။နံရံထပ်တွင် ရေခဲမုန့်ပုံစံလေးကိုရေဆေးပန်းချီဖြင့်အလှဆင်ထားပုံကတော်တော်လေးလက်ရာမြောက်၏။အပြာနုရောင်နှင့်ပန်းရောင်ကိုရောစပ်သုံးထားသည့်ဤဆိုင်လေးကမိန်းကလေးတော်တော်များများမျက်စိကျစရာနေရာလဲဖြစ်သည်။
'ကျေးဇူးပါဗျ..'
ရေခဲမုန့်တင်ထားသည့်ဗန်းကိုမကာ ဆိုင်၏ပြတင်းပေါက်နှင့်နီးသည့်စားပွဲတွင်ထိုကောင်လေးနှစ်ယောက်ဝင်ထိုင်လိုက်၏။အပြင်ကရာသီဥတုနှင့်သိသာစွာ ထိုဆိုင်ထဲတွင်အတော်လေးနေလို့ထိုင်လို့အဆင်ပြေသည်။သီချင်းသံကလည်းခပ်ငြိမ့်ငြိမ့်လေးပျံ့လွင့်နေသောကြောင့် တစ်ခြားစာဖတ်နေသည့်သူတွေအတွက်အတော်လေးအဆင်ပြေသည်အထဲမှာပါသည်။
'ဒီဆိုင်ဖွင့်ထားတာမကြာသေးဘူးပဲ..'
နံရံကိုအကြည့်ပို့ကာပြောလာသည့်သူငယ်ချင်းကောင်လေးကြောင့် နောက်လှည့်ကာကြည့်လိုက်သည်။ဆိုင်စဖွင့်သည့်ရက်စွဲနှင့်ဆိုင်ဖွင့်ပွဲရှိအမှတ်တရ ဓာတ်ပုံကိုချိတ်ဆွဲထားသေးသည်။