Unicode;'ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်နော်မမ..'
'အင်း ကောင်းကောင်းပြန်..'
'ကျွန်တော်မမကိုလွမ်းနေတော့မှာပဲ..'
'အလည်လေး..'
ကားဝန်းအတွင် လွယ်အိတ်လေးလွယ်ကာ ချစ်စဖွယ်စကားပြောနေသည့်ကောင်လေးက တစ်ခြားလူတွေချစ်အောင်နေတတ်သေး၏။ယခုလည်းအမျိုးသမီးတစ်ယောက်ကိုမျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်စကားပြောနေသည့်ပုံကတကယ်အူယားစရာပင်။
'ကိုကြီးတို့ကလဲမပြီးတော့ဘူး..'
'သူ့ချစ်သူလေးနဲ့ခွဲရမဲ့ဟာကို
စကားပြောပါစေ..''ဟွန့် နောက်တစ်ပတ်နေပြီးရင်ပြန်တွေ့မှာပဲကို
အပိုတွေသိပ်လုပ်တာပဲ..''ကျိုးယွမ်လေးကမနာလိုနေပြီပေါ့..'
'မမ မသိဘူး ကိုကြီးတို့ကို
ကျွန်တော်သိပ်ကျေနပ်တာမဟုတ်ဘူး
သုံးယောက်ပဲရှိတာကိုသူတို့နှစ်ယောက်ပဲသိထားပြီး
ကျွန်တော့်ကိုကျချန်ခဲ့တာ ကြည့်ပါလား
တကယ်လို့ဟိုမှာ သုံးယောက်သားအပြင်တွေထွက်ရင်
ကျွန်တော့်ကိုချန်ခဲ့မှာကျိန်းသေတယ်..''ကျိုးယွမ်ကအူတိုနေတာပဲ ..'
'မတိုပါဘူး..'
အဝေးပြေးဂိတ်မှာရှိနေသည့်ကားတွေကိုအကြည့်ပို့ရင်းနှစ်ယောက်သားပြောစရာစကားတွေကုန်သွားပြန်သည်။တိတ်ဆိတ်နေသည်မဟုတ်သော်လည်းခရီးသည်များ၏
လှုပ်ရှားသွားလာမှုကြောင့်ပတ်ဝန်းကျင်ကငြိမ်သက်မှုမရှိ။နွေရာသီမို့ အပူချိန်များသောကြောင့်အရိပ်မှာနေလျှင်တောင်ချွေးထွက်သည်။'ကျိုးယွမ်ရော့..'
ခေါင်းငုံ့ကထိုင်နေသည့်ကောင်လေးကိုအချိုရေးဗူးကကို တွေ့တော့ မော့ကြည့်လာပုံကငါစိတ်မရှည်ဘူးပုံစံဖြင့်။အချိုရည်ကမ်းပေးကာမျက်နှာချိုသွေးသည့်ကောင်လေးမှာသွားတန်းဖွေးဖွေးလေးပေါ်အောင်ပြုံးပြသေးသည်။ထိုကောင်လေးနှစ်ယောက်ကတစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းနေသည်ကလိမ်လို့မရသည့်အမှန်တရားပင်။