Part 26♡

378 31 2
                                    


Unicode;

'ဝမ် ညစာစားပြီပြီလား..'

'အင်း..'

ညရှစ်နာရီဝန်းကျင်ရှိသည့်နည်းတူ ပတ်ဝန်းကျင်ဟာမှောင်မိုက်လို့။နွေရာသီမို့လေနုအေးအေးလေးများတိုက်ခတ်သည့်အခါ ရင်ထဲအေးခနဲဖြစ်စေ၏။

'ဟင်းမချက်ထားဘူးလား..'

'အင်း ကိုဒီနေ့ဆေးရုံအစောကြီးသွားရလို့
ဘာမှမချက်လိုက်ရဘူး..'

ခေါက်ဆွဲပြုတ်ကို စားပွဲပေါ်ချလာသည့်အမျိုးသားကြောင့် TVကြည့်နေရာမှခေါင်းလေးစောင်းကာမေး၏။ထိုအမျိုးသား၏အပြောကြောင့် အလိုမကျသလိုကြည့်လာသည့်ကောင်လေးကမျက်ခုံးလေးစုကျုံ့ထားသေးသည်။

'မနက်ကတည်းကဘာမှမစားရသေးဘူးလား..'

ခပ်ပြုံးပြုံးလေးလုပ်ကာခေါင်းငြှိမ့်လိုက်သည့်အမျိုးသားကြောင့် ဆူမဲ့သွားသည့်ကောင်လေးသည်ထိုအမျိုးသားအား မျက်စောင်းလေးဝေ့လိုက်၏။လေတစ်ချက်အတိုက်သစ်ရွက်လေးလှုပ်သလိုမျိုး နှစ်ဆယ်ကျော် သုံးဆယ်နားနီးသည် ထိုအမျိုးသား၏နှလုံးသားသည် ဆယ်ကျော်သက်ကောင်လေး၏မျက်စောင်းလေးကြောင့်နှလုံးသားရေပြင်လေး လှုပ်ခတ်သွား၏။

'ဝမ်~..'

'ဘာလို့ ထမင်းမစားပဲနေ နေတာလဲ..'

'ကိုတကယ်မေ့သွားလို့ပါ..'

'ကိုကိုနောက်ဆို ကျွန်တော့်ကိုပါမေ့သွားမှာ..'

'ဝမ်!!..'

စိတ်ဆိုးနေပုံဖြင့် အလိုမကျသလိုပြောနေသည့်ကောင်လေးကြောင့် အနည်းငယ်မတင်မကျဖြစ်သွားသည့်အမျိုးသားသည့်ထိုကောင်လေးကို လေသံမာမာဖြင့်ခေါ်လိုက်၏။မျက်ဝန်းလေးကအရောင်မှိုင်းနေသည်ဟုထင်ရသော်လည်း အနည်းငယ်ဝမ်းနည်းရိပ်သန်းနေသည့်ကောင်လေး၏မျက်ဝန်းတို့သည် ငွေရောင်တစ်လက်လက်ဖြင့်။

'ဝမ် ဘာဖြစ်လို့လဲ
ကို့ကိုပြောလေဝမ်..'

'အင့် ကိုကိုက..'

မပြောသေးပဲမျက်ရည်ဥလေးပြိုကျလာသည့်ကောင်လေးသည် ထိုအမျိုးသား၏ရင်ခွင်ထဲတိုးဝင်သွား၏။ရင်ခွင်ထဲမျက်နှာအပ်ကာ ရှိုက်နေသည့်ကောင်လေးသည် ထိုအမျိုးသားမေးမှပင့်သော်လည်းမမော့လာချေ။

After AllWhere stories live. Discover now