Part 13♡

529 41 8
                                    

Unicode;

A little waring 🚨

'ဒါက ဒေါက်တာ ချိုရွှမ်းအာ
ဒီအိမ်ပိုင်ရှင်လေ..'

'မင်္ဂလာပါ မမ
ကျွန်တော့်နာမည်ကလီကျိုးယွမ်
ဒါက..'

'အဲ့တာကဒေါက်တာရှောင်းရဲ့
အချစ်ကလေး  ရိပေါ် ဝမ်ရိပေါ်
ဟုတ်တယ်မလား..'

ဒေါက်တာမလေး၏အပြောကြောင့် ပါးလေးနှစ်ဖက်ပန်းနုယောင်သွားသည့်‌ကောင်လေးကိုကြည့်ကာ ပြုံးလိုက်သည့်လူတစ်ယောက်ရှိသည်။သို့သော်တစ်ယောက်ကမူထိုသို့မဟုတ် တစ်ခုခုကိုအသည်းအသန်စဉ်းစားနေသလို မျက်မှောင်ကြီးကုပ်ထားသေးသည်။

'ခဏ ဘာ ဘာပြောလိုက်တာလဲ
ရိ‌ပေါ်က ဘာလို့ ရိပေါ်က ကိုကြီးရဲ့..'

တစ်ခုခုကိုနားလည်အောင် အတင်းကြိုးစားနေရသည့်ကောင်လေးသည်မျက်စိကစားကာ လက်ညိုးတစ်ထိုးထိုးဖြင့် အထစ်ထစ်ငေါ့ငေါ့စကားများသည့်ရှေ့နောက်မညီ။ မျက်ရှိရှေ့တွင် လက်အချင်းချင်းထွေးယှက်လိုက်သည့် လူနှစ်ယောက်ကြောင့်ချက်ခြင်းငိုမဲ့မဲ့ဖြစ်သွား၏။

'ဟျောင့် ဝမ်ရိပေါ်   သူငယ်ချင်း
မင်းကွာလုပ်ရက်တယ် ငါ့အကိုနဲ့
ရည်းစားဖြစ်နေတယ်ဆိုလဲ ပြောပါလားဟ..'

မျက်ရည်မထွက်ပဲအတင်းကြီးမျက်နှာရှုံ့မဲ့ကာဆူအောင့်အောင့်ပြောလာသည့်ကောင်လေးကို ချစ်စနိုးဝိုင်းကြည့်နေကြသည်။ထိုထဲမှအပြောခံရသည့်ကောင်လေးသည်ခေါင်းလေငုံ့ကာလက်နှစ်ဖက်ကိုပွတ်သပ်ရင်းခပ်တိုးတိုးဆိုလာသည်။

'ငါ ငါတောင်းပန်ပါတယ်..'

မျက်နှာငယ်လေးနဲ့ဆိုလာသည့် သူငယ်ချင်းဆီလက်နှစ်ဖက်လေးဆန့်ကာ တစ်ဖြေးဖြေးသိုင်းဖက်လိုက်သည့်ကောင်လေးသည် မျက်ရည်လဲတကယ်မထွက်ပါပဲ ငိုသံကြီးနဲ့ပြောသေး၏။

'ငါ့သူငယ်ချင်းလေး ရည်းစားရသွားပြီဆိုတော့
ကောင်းကောင်းနေနော် မင်းအဆင်မပြေရင်ပြော
ကြားလား ငါကမင်းကိုမထားသွားပါဘူး...'

သူငယ်ချင်းလေးရည်းစားရသွားသည်ကို ယောင်္ကျား
ရသွားသလို အတူတူမနေရပဲခွဲခွာရမလိုပြောနေသည့်ကောင်လေးကြောင့် တစ်ယောက်မှမျက်နှာပိုးသတ်၍မရတော့။တစ်ယောက်ထဲ ပြောချင်တာတွေပြောပြီး ငိုမဲ့မဲ့ဖြစ်နေသည့်ကောင်လေးမှာ တစ်ခုခုကိုသတိရသွားသလို ဖက်ထားရမှချက်ချင်းဖယ်ခွာလိုက်သည်။

After AllWhere stories live. Discover now