Part 6♡

561 39 0
                                    

Unicode;

မိုးဖွဲဖွဲကျဆင်းနေသည့်ကတ္တရာလမ်းမပေါ် ကင်းဘတ်ဖိနပ်အဖြူနှင့် ကောင်လေးတစ်ယောက်သည် လမ်းဘေးနားရှိထိကရုန်းအပင်လေးများအားတို့က ခပ်မြူးမြူးလေးသွားနေ၏။မုန်တိုင်းများဝင်၍ ပြန်လည်ကင်းစင်လာသည့်ကောင်းကင်ကြီးသည် အပြာရောင်နုနုလေးဖြင့်
စိတ်အစုံကိုကြည်လင်စေသည်။

ကျောပိုးအိတ်အားခပ်တင်းတင်းကိုင်၍ မျက်ရှိရှေ့၌ရှိသော လူခေါ်ဘဲလ်အားတီးလိုက်သည်။သိပ်မကြာခင်
တံခါးလာဖွင့်သည့် အိမ်ရှင်အဒေါ်ကြီးသည် လက်ထဲတွင်လဲ ဈေးခြင်းတောင်းဖြစ်။

'ဝမ်ဝမ်ပါလား ကျိုးယွမ်လေးအိမ်ထဲမှာရှိတယ်
ဝင်သွားလိုက်သား ဒီနေ့ကျောင်းပိတ်တော့ဟိုကောင်လေးကမထဘူးလုပ်နေတယ်..ဝမ်ဝမ်လာတာနဲ့အတော်ဘဲ ကျိုးယွမ်ကိုတစ်ခါတည်းနှိုးလိုက်နော်သား အန်တီဈေးသွားအုန်းမယ်..'

'ဟုတ်ကဲ့..'

ခါးကိုင်းကာအရိုအသေပေးပြီးအိမ်ထဲဝင်သွားသည့်ကောင်လေးအားမျက်စိတစ်ဆုံးကြည့်၍ပြုံးသွားသည်သူလည်းရှိ၏။ယဉ်ကျေးကာလိမ္မာထူးချွန်သည့်ကောင်လေးမို့ လူချစ်လူခင်ပေါများ၏။

'ကျိုးယွမ် ကျိုးယွမ်!ထတော့ ရှစ်တာရီထိုးနေပြီ..'

'ဟင်..ရိပေါ်ကွာ ခဏလေးဘဲ..'

စောင်ကိုတစ်ကိုယ်လုံး လုံးထွေးကာတစ်ဖက်သို့လှည့်အိပ်သွားသည့်သူငယ်‌ချင်းလေးကြောင့် ကျောပိုးအိတ်အားဘေးနားရှိခုံတွင်တစ်ချက်ထားလိုက်သည်။ဘယ်လောက်နှိုးနှိုးမထသည့်သူငယ်ချင်းလေးကြောင့်နောက်ဆုံးလက်ကျန် ကဒ်ကိုသာဆွဲသုံးရတော့သည်။

'ဒေါက်တာ!!..'

'ဟမ်!!ကိုကြီးလား!!..'

စောင်ဖြင့်လှိမ့်ပတ်အိပ်နေရာမှဒေါက်တာဆိုသည့် ခေါ်သံကြားသည်နှင့်တစ်ပြိုင်နက် ငုတ်တုတ်ထထိုင်သည့်ကောင်လေး။အိပ်မှုန်စုန်ဖွားရုပ်ဖြင့် ဆံနွယ်ပျော့ပျော့များသည် ရှုပ်ပွလို့နေ၏။ညအိပ်ဝတ်စုံမှာလဲ သပ်သပ်ရပ်ရပ်မရှိပေ။

ကုတင်၏တစ်ဖက်တွင်ရပ်နေသည့်ကောင်လေးသည်
ပါးစပ်ကိုလက်နဲ့အသာလေးအုပ်ကာ ခပ်အုပ်အုပ်လေးရီနေ၏။မှိတ်ကျသွားသည့်မျက်‌တောင်တို့သည် မျက်ဝန်းလှလှလေးပင်မပေါ်အောင်ဖုံးထားပေးသည်။

After AllWhere stories live. Discover now