Part 16♡

405 42 1
                                    


Unicode;

ဆေးရုံအတွင်းပျားပန်းခပ်လှုပ်ရှားနေသည့်လူများသည်သူ့အာရုံနှင့်သူ။နယ်ဆေးရုံဟုဆိုသော်လည်း အတော်လေးကောင်းသည့်အထဲပါသည်။တာဝန်ကျဆရာဝန်များက လူနာများကိုလိုက်လံကြည့်ရှုနေကာ ကောင်တာတွင်ထိုင်နေကျသည့် nurseမလေးတွေကတော့ စာရင်းတွေတကုပ်ကုပ်လုပ်နေကြ၏။

ထိုထဲတွင် ယောင်တောင်တောင်လေးဖြစ်နေသည့်ကောင်လေးနှစ်ယောက်သည် လက်ထဲမှာလဲဆွဲချိုင့်အပြည့်။ကောင်တာကိုသွားရမလိုလို တစ်ယောက်
ယောက်ကမှာထားသည့်အတိုင်းရှာရမလိုလိုနှင့်အိုးတိုးအန်းတန်းဖြစ်နေသည့်ကောင်လေးနှစ်ယောက်ကကြွက်ဖြူလေးတွေအတိုင်းပင်။

'ရိပေါ် ငါတို့သွားမေးလိုက်ရင်
ကောင်းမလားမသိဘူး..'

ရပ်နေတာကြာပြီးဖြစ်သည့်ကောင်လေးနှစ်ယောက်ကိုဖြတ်သွားဖြတ်လာလူများကကြည့်သွားသည့်အတွက် အနားမှာရှိသည့်သူငယ်ချင်းဖြစ်သူကိုလက်တို့ကာပြောလာသည့်ကောင်လေး။ခေါင်းငြှိမ့်ထောက်ခံသည့်ကောင်လေးကြောင့်ကောင်တာကိုနှစ်ယောက်သားသွားလိုက်ကြသည်။

'ဟို တစ်ဆိတ်လောက်ဗျဒေါက်တာရှောင်ရှောင်းကျန့်နဲ့
တွေ့ချင်လို့ပါ..'

'အာ ဒေါက်တာကပရဟိတအသင်းနဲ့ပါသွားတယ်
မောင်လေးတို့က ဒေါက်တာ့ကိုပြောထားသေးလား..'

ခေါင်းခါပြသည့်ကောင်လေးက ဘေးနားကမှုန်ကုပ်ကုပ်သူငယ်ချင်းကိုတစ်လှည့်ကြည့်လိုက်သေး၏။အရောင်မှိုင်းသွားသည့်မျက်ဝန်းလေးကသာယာသည့်အသံလေးကြားတော့ချက်ချင်းပင်တောက်ပလာသည်မှာဟန်ပင်မဆောင်နိုင်။

'ကျိုးယွမ်..'

'မမ..'

ဂျူတီကုဒ်နဲ့တစ်လှမ်းခြင်းလျှောက်လာသည့်ကောင်မလေးကအတော်လှသည့်အထဲပါသည်။နယ်မြို့လေးကချောလှသူတွေပေါသော်လည်းထိုကောင်မလေး၏အလှကမျက်စိအေးကာ အေးချမ်းသည့်အလှမျိုး။

'အဲ့ ရိပေါ်လေးရောပါလာတာပဲ
ချိုင့်တွေလဲအများကြီး..'

'ဟီး မမတို့ဖိုးဖိုးကပေးလာတာ
အဲ့တာကြောင့်..'

After AllWhere stories live. Discover now