Part 25♡

392 29 6
                                    


Unicode:

'ကောကော အဲ့တာ ရှဲ့ရှဲ့ဟာ..'

ဧည့်ခန်းလေးအတွင်းထွက်လာသည့် ကလေးငယ်တစ်ယောက်၏ချစ်စဖွယ်အသံ။စားပွဲခုံပုလေးပေါ်ဝမ်းလျှားမှောက်ကာ တင်ပါးလေးကိုထောင်၍ ဆေးရောင်ခြယ်နေသည့်ကလေးလေးသည် မျက်နှာတွင်လဲဆေးရည်တွေပေပွလျှက်ရှိ၏။

'အာ ပေကုန်ပြီအားရှဲ့..'

ကလေးငယ်၏မျက်နှာကိုသစ်ရှူးဖြင့်သုပ်ကာ အနည်းငယ် ငြူစူသလိုပြောသည့်ကောင်လေးသည်ထိုကောင်ငယ်လေးကိုအမွှေးပွခင်းထားသည့်ကော်ဇောပေါ်ချပေးသည်။လေတဖြူးဖြူးတိုက်နေသော်လည်း ကလေးတစ်ယောက်နှင့်လုံးပန်းနေရသည့်ကောင်လေးသည် ချွေးများရွှဲနစ်နေ၏။

နားထင်တစ်လျှောက်စီးကျလာသည့်ချွေးသီးများကိုလက်ဖျံဖြင့်ဆွဲသုတ်ကာ ထိုကလေးဖွထားသည့် စုတ်တံများကိုရေဆေးပြီးဗူးထဲသို့နေရာတစ်ကျပြန်ထားနေသည်။

'ကောကော ရှဲ့ရှဲ့တို့အပြင်သွားရအောင်..'

နှုတ်ခမ်းလေးကိုလိုတာထပ်ပိုဆူကာ မျက်လုံးရွှဲရွှဲလေးဖြင့်ပြောလာသည့်ကလေးငယ်သည် အလိုလိုက်ချင်စရာကောင်းအောင်ချစ်ဖို့ကောင်း၏။‌ခေါင်းငြှိမ့်ထောက်ခံလိုက်သည့်ကောင်လေးကြောင့်လက်သီးလက်မောင်း
တန်းကာ အပျော်ကြီးပျော်နေသည့်ကလေးငယ်သည်ထိုကောင်လေးပါးကို တစ်ချက်နမ်းလိုက်၏။

'ဖွားဖွားကိုသွားပြော ကောကောနဲ့အပြင်တစ်ချက်သွားမယ်လို့ နောက်ပြီးလက်ဆေးခဲ့နော်..'

'ဟုတ်ကဲ့ ကောကော..'

မီးဖိုခန်းထဲသို့လုံးနေအောင်ပြေးဝင်သွားသည့်ကလေးငယ်သည် အဖွားဖြစ်သူကိုအသံဆာဆာလေးဖြင့် တောင်းဆိုနေပြန်၏။ဧည့်ခန်းရှိပစ္စည်းများကိုကောက်သိမ်းကာ ကိုယ်တိုင်လက်ဆေးရန်မီးဖိုခန်းသို့ဝင်သွားသည့်ကောင်လေးသည် စားပွဲပေါ် အစာပြေမုန့်ချိုစားနေသည့်ကလေးငယ်ကိုတွေ့တော့ ထိုကလေးငယ်အနားသွားကာ ပါးစပ်ကလေးဟလိုက်၏။

အလိုက်သိသည့်ကလေးငယ်သည် ပန်းကန်ထဲရှိ မုန့်အချိုလေးကို ခွံ့ပေးသည်။သဘောကျသွားသည့်ကောင်လေးသည် ဘေစင်သို့သွားကာလက်သွားဆေးပြီး ညနေစာချက်နေသည့်မိခင်ဖြစ်သူအနားသွားလိုက်သည်။

After AllWhere stories live. Discover now