Unicode;
'အမိုး သားသွားဝယ်ပေးမယ်..'
'အင်း သားငယ် အဲ့တာဆိုအမိုး
စာရင်းပေးလိုက်မယ်..'ဈေးသွားရန်ပြင်နေသည့်ကောင်လေးသည် စားပွဲခုံပေါ်noteစာရွက်လေးဖြင့်မှတ်နေသည့်အမျိုးသမီးဘေးထိုင်စောင့်နေ၏။အစိမ်းနုရောင်စာရွက်လေးကိုခေါက်ကာ အိတ်ကပ်ထဲထည့်၍ အိမ်မှထွက်လာသည့်ကောင်လေးသည် လက်တစ်ဖက်တွင်ထီးတစ်လက်သည်ပါစမြဲပင်။
လက်ဆွဲတော်ထီးလေးနှင့်သီချင်းလေးညီးကာခပ်မှန်မှန်လမ်းလျှောက်သွားသည့်ကောင်လေးသည် ဈေးရောက်သည်အထိ အေးအေးဆေးဆေးပင်။ရိုးရိုး ရက်ကွပ်ဈေးမို့ အသား၊ငါး၊ဟင်းသီးဟင်းရွက်များလက်လက်ဆတ်ဆတ်ရနိုင်သည်။
ဆိုင်ရှင်အဒေါ်ကြီးတွေနဲ့ ပြုံးပြုံးလေးစကားပြောနေသည့်ကောင်လေးသည်လူမှုဆက်ဆံရေးအရာတွင်လူချစ်လူခင်ပေါများသည်။ချစ်ရာကောင်းသည့်ကောင်လေးမို့ ဆိုင်ရှင်အန်တီကြီးတွေဆီမှအပိုလက်ဆောင်လေးတွေပါထည့်ပေးသေး၏။
မှားထားသည့်အရာတွေကိုအကုန်စုံအောင်ဝယ်ပြီးသော်လည်းမျက်စိထဲဖြတ်ကနဲမြင်သွားသည့် ပန်းပျိုးပင်များရောင်းသည့်ဆိုင်ခန်းကြောင့် ထိုကောင်လေး လှမ်းရန်ပြင်နေသည့်ခြေထောက်တို့သည် အနောက်ပြန်ဆုတ်သွားချေသည်။
မကျဉ်းမကျယ်အနေအထားနှင့် ဆိုင်ခန်းလေးသည်
ပန်းရနံ့များလှိုင်လှိုင်မွှေးနေ၏။ထိုကောင်လေး၏စိတ်အာရုံကိုဖမ်းစားနိုင်သည့် တစ်ခုတည်းသောသစ်ခွပန်းလေး။ထိုကောင်လေးသည် ထိုပန်းအိုးရှိရာတစ်ဖြေးဖြေးသွားကာ ထိုပန်းကိုစိတ်ဝင်တစ်စားရှုနေရှာသည်။'မောင်လေး သဘောကျလို့လား
ကိုယ်တိုင်ပျိုးချင်ရင်အမတို့မှာပျိုးခါစအပင်လေး
တွေရှိတယ်..''အာ ကျွန်တော်ကြည့်လို့ရလားမသိဘူး..'
'ရတာပေါ့ လာဒီဘက်ကို..'
အထက်တန်းကျောင်းပြီးထားခါစကောင်လေးသည် သစ်ပင်ပန်းပင်များစိုက်ပျိုးရန်စိတ်အားထက်သန်နေသလိုပင်။ဆိုင်ရှင်အမ၏ရှင်းပြမှုကိုခေါင်းလေးငြှိမ့်ကာထောက်ခံနေသည့်ကောင်လေးသည် သစ်ခွပျိုးပင်တွေကြားပျော်မွေ့လို့။အထုတ်တွေကိုလက်တစ်ဖက်ဖြင့်အပြည့်သယ်ထားကာ ပန်းပင်တွေကိုလိုက်ကြည့်နေသည့်ကောင်လေးသည် လေးမှန်း၍ပင်သိဟန်မပေါ်။