Part 8♡

522 33 2
                                    


ဆောင်းတွင်း၏ညတာသည်ရှည်ကြာလှ၏။ညနေစောင်းခြောက်နာရီပင်ရှိသေးသည် နေအလင်းရောင်မရှိတော့ပေ။ဆောင်းဦးကျော်၍ ဆောင်းလယ်ရောက်လာတာနှင့်အမျှအအေးဓာတ်သည်ပို၍လွန်ကဲလာသည်။တဖြူးဖြူးတိုက်နေသည့်လေသည်အရိုးထဲထိအေးစိမ့်သွားစေသည်။

လမ်းမထက်တွင်ညဘက်လမ်းလျှောက်ထွက်သူနှင့်စည်ကားနေ၏။ christmas‌ နေ့ဖြစ်၍ လျှောက်လမ်းနံဘေးတွင် အနီနှင့်အစိမ်းရောထားသည့် မီးလုံးများတန်းစီထားသည်။ပုံမှန်လူစည်ကားနေသည်ထပ်ပို၍ များနေသဖြင့် သွားရန်ပြင်ထားသည့် ကော်ဖီဆိုင်သည် ထင်ထားသည်ထက်လူပိုများ၏။

မီးရောင်စုံကြားမှတဖွဲဖွဲကျလာသည့်နှင်းစက်တို့သည်
လှသယောင်နှင့်အင်မတန်အေးစက်လွန်း၏။လက်ဖျားနှင့်ပင်မထိရဲ့လောက်အောင်အေးစိမ့်လွန်းနေ၏။ကော်ဖီဆိုင်ထဲဝင်တာနှင့် နွေးနွေးထွေးထွေးရှိသွားကာ မတိုးမကျယ်ဖွင့်ထားသည့် last christmasသီချင်းသည် ဒီဇင်ဘာ၏ ပင်တိုင်ဖျော်ဖြေသူဖြစ်၏

'ဒေါက်တာ..'

ရင်းနှီးသည့်ထိုအသံ‌ အနောက်ဘက်မှအသံလာရာကြည့်မိသည့်အခါ အနီရောင် ခေါင်းဆောင်းလေးဖြင့် နှင်းဖြူလုံးအားတွေ့ရှိရသည်။‌လက်အိပ်အနီရောင်နှင့် လုံးနေအောင်ဝတ်ထားသည့် အနွေးထည်တို့ကြား ပုံပုံကလေးမြုပ်နေသည့် ခန္ဓာကိုယ်လေးသည်အင်မတန်အူယားဖွယ်ကောင်းသည်။

'ဘယ်လိုလုပ်ရောက်လာတာလဲ..'

ကျူရှင်ပြေးထားသည့်ကောင်လေးသည် ယခုမှာတော့သူ့အားမော့ကြည့်မနေခဲ့ပေ။ခြေထောက်အချင်းချင်းပွတ်သပ်ကား ခပ်ရို့ရို့လေးရပ်နေ၏။နားရွက်ကိုအလုံဖုံးထားသည့်ခေါင်းစွပ်လေးကြောင့် ယခုအချိန်နားရွက်ကလေးနီရဲနေမှာလားဟုခပ်ယောင်ယောင်တွေးမိသေးသည်။အချိန်တိုင်း နီရဲဖျာနေသည့်နားရွက်ကလေးသည်
ထိရက်စရာမရှိပေ။

'ဟို..အိမ်မှာ ဧည့်သည်ရောက်လာလို့..'

'ဪ..'

ဆိုင်ကောင်တာမှ အရောင်းဝန်ထမ်းမလေး၏နှုတ်ဆက်စကားကြောင့်ပြောလက်စကိုရပ်ကာ မီနူးကိုတစ်ချက်ကြည့်၍ မုန့်အကြွပ်နှစ်ထုပ်နှင့်ကိတ်မုန့်နှစ်တုံးမှာလိုက်သည်။နားကြားမှားခြင်းမဟုတ် သီချင်းသံနှင့်အပြိုင်ထွက်လာသည့် ခပ်ကြည်ကြည်အသံလွင်လွင်သည်နောက်ပါးမှဖြစ်၏။

After AllWhere stories live. Discover now