Part 28♡

422 24 0
                                    


Unicode;

ကျေးငှက်တွေတေးဆိုနေသည့်ပတ်ဝန်းကျင်သည် သာယာဖွယ်ကောင်းသော်လည်းပူပြင်းနေသည် နေရောင်ခြည်သည် သက်ရှိဟူသမျှညှာတာခြင်းမရှိအောင် အပူဒဏ်အားထုတ်လွှတ်နေ၏။နေ့လည်နေ့ခင်းဖြစ်သည့်နည်းသူလမ်းမထပ်တွင်မည်သည့်တစ်ဦးတစ်ယောက်မျှမရှိနေပဲ ခြောက်သွေ့နေသည့်လမ်းမသာတစ်ကိုယ်တည်းအထီးကျန်နေ၏။

အိမ်ထဲမှအိမ်ပြင်မထွက်နိုင်သည့် ကောင်လေးသည် ဧည့်ခန်းတွင် ပန်ကာဖွင့်ကာ ရုပ်ရှင်ထိုင်ကြည့်နေ၏။
ထိုကောင်လေးထိုင်နေသည့်ဘေးတွင် ခွေခွေလေးဝင်လှဲနေသည့်ကလေးငယ်သည် ပန်ကာလေတဖြူးဖြူးကြောင့်ထင် မလှုပ်မရက်အိပ်ပျော်နေ၏။

အိမ်နေရင်း အင်္ကျီအဝါအပါးနှင့်ဒူးအထက်ဘောင်းဘီအဖြူကိုတွဲဝတ်ထားသည့်ကောင်လေးသည် ရာသီဥတုဒဏ်အားမခံနိုင်၍ထင် ပါးပြင်ဖွေးဖွေးပေါ်၌ချွေးစေးများကပ်ညိနေ၏။အသီးပန်းကန်အား ပိုက်ကာဇာတ်ကားထဲနစ်မြောနေသည့်ကောင်လေးသည် ပူနေသည်ကိုပင်ဟန်မပြုနိုင် ပန်ကာလေဖြင့်သာတင်းတိမ်နေရသည်။

တီ~📳

စားပွဲပေါ်တုန်ခါလာသည့်ဖုန်းကြောင့် အသီးပန်းကန်အား စားပွဲပေါ်အသာချကာ အိပ်ပျော်နေသည့်ကလေးငယ်မနိုးစေရန် ခြေသံဖွဖွနင်းလို့ ဧည့်ခန်းအပြင်ဘက်သို့ထွက်သွား၏။

'ဟဲလို..'

'ဝမ်~..'

နွမ်းလျစွာထွက်ပေါ်လာသည့်အသံပိုင်ရှင်ကြောင့်အလိုလို စိုးရိမ်သွားသည့်ကောင်လေးသည် မျက်နှာအမူအယာသည်တစ်မဟုတ်ချင်းပြောင်းလဲသွား၏။

'ကိုကို ဘာဖြစ်လို့လဲ..'

'အိမ်ဘက်ကိုတစ်ချက်လာပေးပါလားဝမ်
ကို နေရတာအဆင်မပြေလို့..'

အတော်လေးအားယူကာပြောနေရသည့်တစ်ဖက်ခြမ်းရှိအမျိုးသားသည် အသံလှိုင်းမှတစ်ဆင့်အသက်ရှူသံမျှင်းမျှင်း‌လေးသာကြားနေရသည်။မျက်စံလေးလှုပ်ရှားသွားသည့်ကောင်လေးမှာ လာခဲ့မည်ဟုသာပြောပြီး အိမ်ပေါ်ထပ်သို့တက်ကာ အပြင်ခံကိုအလျှင်အမြန်သွားယူ၏။

မီးဖိုခန်းထဲတွင် အလုပ်လုပ်နေသည့်မိခင်ဖြစ်သူထံမှခွင့်ပြုချက်တောင်းကာ ထီးလေးစောင်းလို့ နေပူကျဲ တောက်နေသည့်အပြန်ဘက်ထွက်သွားသည်။မည်သူတစ်ဦးမှမရှိသည့်လမ်းမပေါ်တွင် အဖြူရောင်အရိပ်ကလေးသည်တလှုပ်လှုပ်ဖြင့်ဦးတည်ရာရှိရာသို့ခပ်သွက်သွက်သွားနေ၏။

After AllWhere stories live. Discover now