Unicode:
ကျောင်းဝရံဝာာလက်ရန်းတွင်မိုးပွားများလာစင်ကာလျှောက်လမ်းများမှာ ရေမှုန်အမွှားများခင်းကျင်းလျက်။ဆေးသုပ်ထားသည့်ကျောင်းဆောင်သည်အရောင်မှိန်မှိန်ဖြင့် မျက်စိအေးစေသည်။ကျောင်း၏ထိပ်ဆုံးထပ်မှရှုခင်းအားကြည့်လျှင် တစ်ကျောင်းလုံးကောင်းစွာမြင်နိုင်သည်။မှန်အကြည်ကာထားသည့်စာသင်ခန်းပြတင်းပေါက်မှလှမ်းမြင်နေရသည့် မိုးစက်များသည်အဆက်မပျက်ကျဆင်းနေသည်။စာသင်ခန်းရှေ့ရှိဆရာမသည် သင်ယူမှုပမြောက်ရန် အစွမ်းကုန်ကြိုးစားသင်ယူနေ၏။အလုံခန်းဖြစ်သည်မို့ မိုးလေ၏အသံများမကြားရဘဲ စာသင်ခန်းအတွင်းရှိ ဆရာမ၏ရှင်းပြချက်များကိုထင်းထင်းရှင်းရှင်းကြားနေရသည်။တစ်ယောက်မှာမှိုင်တိုင်နေခြင်းမရှိအောင်တက်ကြွလမ်းဆန်းနေသည့်အတွက် တစ်ခန်းလုံးဆူညံနေ၏။
အကြောင်းမှာ နောက်အပတ်တွင်ဖြေဆိုရမည့်အခန်းဆုံးစာမေးပွဲအတွက်ဖြစ်သည်။Bioဆရာမ၏ ပြန်လှန်သင်ကြားခြင်းသည် ပြီးမြောက်သည်ဟုဆိုနိုင်ဖွယ်ရှိရာ ဆရာမ၏အယောက်စေ့ စာမေးမြန်းမှုသည်အဆင်ပြေပြေပြီးဆုံးသွား၏။စာသင်ချိန်သည်လေးဆယ့်ငါးမိနစ်ပြည့်ရန် ဆယ်မိနစ်ကျန်သေး၏။သို့သော် ယခုလစာမေးပွဲအတွက် သင်ကြားမှုမှာပြီးဆုံးသွားသည့်အတွက် နားနေချိန်အဖြစ် ဆယ်မိနစ်အားbreak timeပေးသည်။
'ရိပေါ် ညကျရင်ငါစာလာမကျက်တော့ဘူးနော်..'
'ဘာလို့လဲ..'
'မားက ညနေသူ့အမျိုးအိမ်သွားမှာ ငါလိုက်သွားမို့
ကိုကြီးကိုပြောပေးအုံး..'တစ်ယောက်တစ်ပေါက်စကားပြောသံသည်ထိုနေရာမှာတင်ရပ်ဆဲသွားသည် ။ဆရာမသည် သူတို့နှစ်ယောက်ရှိသည့်ခုံအားလှမ်းလာ၍သာဖြစ်သည်။မျက်မှန်ကိုင်းအားပင်ကာလျှောက်လာသည့်ဆရာမပုံစံသည် တစ်ခုခုအားမေးမည့်ပုံစံဖြင့်။
'သားတို့နှစ်ယောက် တီချယ်နဲ့တစ်ချက်လိုက်ခဲ့ပေး..'
နှစ်ယောက်စလုံးအားကြည့်ကာခေါ်လိုက်သည့်ဆရာမကြောင့် သူငယ်ချင်းနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအရှေ့မှထွက်သွားသည့်ဆရာမနောက်ခပ်သွက်သွက်လိုက်သွားရသည်။အပြင်ဘက်တွင် လေသည်အသည်းထိအေးစိမ့်နေ၏။ လေပြင်းများတိုက်သောကြောင့် သစ်ပင်ကြီးတို့၏အကိုင်းအခတ်များသည်ဟိုဒီရွေ့နေ၏။တစ်ကျောင်းလုံး၏ပုံရိပ်သည်ယခုတွင်မူမိုးစက်များကြားပျောက်ကွယ်လို့နေ၏။