Part 21♡

398 31 4
                                    

Unicode;

လက်ထပ်မယ်ဟုတ်..'

'အင်း..'

'ဘယ်တော့လောက်လဲ
ဝမ်ကျောင်းပြီးလား..'

'အင်း..'

လှေကားပေါ်ကနေဆင်းလာသည့်ကောင်လေးဘေးစ
ကားပြောမပြတ်သည့်အမျိုးသားကထိုကောင်လေး၏ပုခုံးကိုဖက်ကာ စကားတစ်ခွန်းပြောပြီးတိုင်းပါးဖောင်းဖောင်းလေးကိုနမ်းရှိုက်၏။

'ဒီနေ့ကျူရှင်ရှိလား..'

'ဟအင့်..'

ထမင်းစားခန်းထဲဝင်ကာ အဆင်သင့်ပြင်ထားပေးသည့်နံနက်စာကိုစားရင်းဖြေလာသည့်ကောင်လေးကမျက်နှာချင်းဆိုင်မှအမျိုးသားကို ကိတ်မုန့်အတုံးသေးသေးလေးခွံ့ကျွေး၏။

'အယ် !..'

ကိတ်မုန့်စားနေတုန်းရုတ်တရက်ပေါင်ပေါ်ဆွဲတင်ခံလိုက်ရသည့်ကောင်လေးလက်ထဲတွင်ကိုင်ထားသည့်ဇွန်းနှင့်အတူ ကိတ်မုန့်သေးသေးလေးပါပြုတ်ကျသွား၏။စားပွဲပေါ်ပြုတ်ကျသွားသည့်ကိတ်ကိုကြည့်ကာနှမျောသလိုဖြစ်နေသည့်ကောင်လေးက ထိုအမျိုးသားကိုမျက်စောင်းလေးဝေ့သေး၏။

'ပြုတ်ကျကုန်ပြီ..'

'ဝမ်~..'

'အင်း ..'

လည်တိုင်ကိုခေါင်းလေးတိုးဝှေ့ကာအသံကိုအတတ်နိုင်ဆုံးနှိမ့်၍ ခပ်ချွဲချွဲလေးဆိုလာသည့်အမျိုးသားကချစ်စရာမျက်လုံးလေးလိုလုပ်ပြသေး၏။အရမ်းတည်ငြိမ်လွန်း၏ဆရာဝန်လေးကအခုတော့များသုံးနှစ်သားလေးလိုချစ်ဖို့ကောင်းနေပြန်သေး၏။

'စေ့စပ်ထားကြရအောင်..'

'ကိုကို..'

အံ့ဩသလိုခေါ်လာသည့်ကောင်လေးကထိုအမျိုးသားကိုစိုက်ကြည့်နေကာ နားမလည်သည့်ပုံစံဖြင့်ကြောင်နေ၏။ထိုနောက်ကိတ်မုန့်လေးခွံ့ကျွေးလာသည့်အမျိုးသားကြောင့် တစ်ခုခုကိုစဉ်းစားနေသည့်ကောင်လေးက ပါးစပ်လေးဟထားကာမျက်ဝန်းတို့ကထိုအမျိုးသားထံမှမခွာသေးပေ။

ပါးစပ်ထဲရောက်လာသည့်ကိတ်မုန့်ကိုတမြုံ့မြုံ့ဝါးနေသည့်ကောင်လေးကပါးနှစ်ဖက်တို့သည်ဖောင်းလိုက်ပိန်လိုက်။ပါးနှစ်ဖက်ကိုတရွှတ်ရွှတ်မွှေးကြူနေသည့်အမျိုးသားကမူ ထိုကောင်လေး၏မျက်နှာကိုတစ်စိုက်မတ်မတ်ရှုနေ၏။

After AllWhere stories live. Discover now