Part 22♡

371 32 2
                                    


Unicode;

'သေသေချာချာဖြေခဲ့နော်
နှစ်ယောက်လုံးပဲ..'

ကျောင်းဂိတ်ဝတွင် ကျောင်းယူနီဖောင်းနှင့်ကောင်လေးနှစ်ယောက်ကို သေသေချာချာမှာကြားနေသည့်အမျိုးသားက ကလေးနှစ်ယောက်အဖေလိုပင်။ထိုကောင်လေးတွေလိုပဲ ကျောင်းဝန်း၏အပြင်ဘက်တွင်သူသူငါငါ ရှိနေကြပေမဲ့ မည်သူမျှအထူးတလည်သတိမထားပေ။

'ရော့ မမ မနက်တုန်းကလုပ်ထားပေးတယ်
ကလေးတို့သောက်ရအောင်..'

ကားထဲကနေယူအနွေးဗူးနှစ်ခုယူထုတ်လာသည့်မိန်းကလေးကကောင်လေးနှစ်ယောက်ကိုကမ်းပေး၏။
လူတွေအများကြီးရှိတဲ့အထဲမှ အရပ်ရှည်ရှည်‌ယောင်္ကျားလေးနှင့် ဆံနွယ်ရှည်ရှည် တစ်ဝက်စည်းနှောင်ထားသည့်မိန်းကလေးတွေကိုလည်ပြန်ကြည့်သွားကြသူတွေအများကြီးပင်။

မသိသောသူတွေဆို ထိုနှစ်ယောက်သည် သိပ်ကိုလိုက်ဖက်လှသည့်စုံတွဲဟုထင်နိုင်သော်လည်း သူတို့အထင်မှားနေသည်ကို ကာယကံရှင်ကိုယ်တိုင်သာသိပေမည်။

'ဝမ်~..'

စာအုပ်ကိုငုံ့ကြည့်နေသည့်ကောင်လေးက သူ့ကိုခေါ်သံကြား၍ထင်မော့ကြည့်လာသည့်တစ်ပြိုင်နက် ခါးကိုကိုင်းကာ ပါးတစ်ဖက်ကိုနမ်းသွားသည့်အမျိုးသားကြောင့်မျက်လုံးမျက်စံကျယ်သွားရသည်။ဘေးနားမှာမျက်စောင်းထိုးနေသည့်ကောင်လေးတစ်ယောက်သည်
စာအုပ်ကိုပိတ်ကာ ထိုအမျိုးသားဘေးရပ်နေသည့် မိန်းကလေးအနားအမြန်သွားရပ်သည်။

'အရှေ့ကအချစ်ငှက်နှစ်ကောင်
ဒီမှာကြည့်!..'

ထိုအမျိုးသမီး၏လက်ဖဝါးကိုစုပ်ကိုင်ကာ ဂုဏ်ယူဝင့်ကြွားထောင်ပြသည့်ကောင်လေးကမျက်နှာကိုမော်ချီထား၏။ပြောချင်သည်က သူ့မှာလဲပိုင်ရှင်ရှိသည်ကိုပေါ့။

'ကျိုးယွမ် ဘာတွေလုပ်နေတာလဲ..'

'မမ မသိပါဘူး ဟိုဝမ်ရိပေါ်ကသူ့ကိုကိုနဲ့
ရှိနေရင်ကျွန်တော့်ကိုပလစ်ထားတာ..'

'အဲ့တာကြောင့် မင်းကကျဲရွှမ်းအာကို ချစ်သူရည်းစား
အဖြစ်ခဏအသုံးချလိုက်တာပေါ့လေ..'

ရယ်ကျဲကျဲနဲ့ဆိုလာသည့်ကောင်လေးကြောင့်မျက်နှာကြီးမှုန်ကုပ်သွားသည့်ကောင်လေးသည် မည်သူ့ကိုမှစကားမပြောတော့။သူ့ဘာသာသူ အရိပ်ရသည့်ခုံတန်းတွင်စာသွားလုပ်နေသည်။မကြာလိုက်ကျောင်းခေါင်းလောင်းထိုးသံကြောင့် ကျောင်းသားကျောင်းသူများကျောင်းထဲသို့ဝင်ကုန်ကြ၏။

After AllWhere stories live. Discover now