Part 7♡

565 43 2
                                    

Unicode ;

'ရိပေါ် လာမဲ့အပတ်ကျောင်းမှာ
အားကစားပွဲလုပ်မှာတဲ့ မင်းပါအုံးမလား..'

'ဟအင့် ငါပြေးလို့မနိုင်ဘူး..'

'အိုခေလေ အဲ့တာဆိုငါစာရင်းသွားပေးလိုက်အုံးမယ်..'

ပြောပြီးပြီးခြင်းအခန်းအပြင်သို့လျင်မြန်စွာပြေးသွားသည့်ကောင်လေးသည် သွက်လက်စွာ။ခန်းစည်းလိုက်ကာစအဖြူရောင်သည် လေတိုး၍တလွင့်လွင့်ဖြစ်နေ၏။နေပျောက်ထိုးကာအခန်းထဲသို့ကျရောက်လာသည့်နေရောင်ခြည်မှာမူ လင်းလက်မနေဘဲ မှိန်မှိန်လေးမို့ မျက်စိ မကြိမ်းပေ။

အေးအေးလူလူရာသီဥတုဖြစ်၍ ကျောင်းသားကျောင်းသူတိုင်းအနွေးထည်ကိုယ်စီဖြင့်ဖြစ်၏။ကျောင်းခန်းအတွင်းစကားသံမတိုးမကျယ်မှအပ နေ့လည်ကျောင်းလွှတ်ချိန်သည်တိတ်ဆိတ်နေ၏။အကြောင်းမှာ ပြိုင်ပွဲအတွက် လေ့ကျင့်နေကျ၍ပင်ဖြစ်၏။အခန်းထဲတွင် စာရေးခုံပေါ်၌ မှောက်အိပ်သူကအိပ် သုံးလေးယောက်တစ်စုဖြင့်စကားပြောသူကပြော တစ်ချို့မှာ စာအုပ်ပုံထဲခေါင်းနှစ်လို့စာလုပ်နေကြ၏။

မကြာမီပင် ကျောင်းတက်ခေါင်းလောင်းသံကြားသည့်နည်းတူ ကျောင်းခန်းတွင်းသို့ဝင်လာသည့်ကျောင်းသားကျောင်းသူများ။ထိုအထဲတွင်ရေဗူးတစ်ကိုင်ကိုင်ဖြင့်ဝင်လာသည့် ကျိုးယွမ်။အများသူငှာလိုချွေးမရွှဲဘဲအေးအေးဆေးဆေးဝင်လာသည့်သူငယ်ချင်းကောင်လေး။

'ကျိုးယွမ် ချွေးလဲမထွက်ပါလား..'

ခုံပေါ်သို့ရေဗူးချလိုက်တာနဲ့ခေါင်းလေးမော့ကာမေးလာသည့်ဖြူလုံးလုံးကောင်လေး။ကျောင်းအင်္ကျီ အပေါ်ထပ်လက်ရှည်နှင့် လိုက်ဖက်နေ၏။အနဲငယ်ရှည်လာပြီဖြစ်သည့်ဆံနွယ်တို့သည် နှဖူးပြေပြေပေါ်သို့ဟိုတစ်စဒီတစ်စကျနေသည်။

ထိုကောင်လေးမှမေးသည့်အမေးကိုသဘောမကျသလို မျက်မှောင့်ကျုံ့ကာကြည့်လာသည့်ကောင်လေး။ခဏနေမှသဘောပေါက်ဟန် အသံထွက်ရယ်လိုက်ပြီး ထိုင်နေသည့်ကောင်လေး၏ခေါင်းလုံးလုံးအားဆွဲဖွလိုက်သည်။

'ကျိုးယွမ်!! မကြိုက်ဘူးဆို..'

'ဟ ဟ ရိပေါ်မင်းနော် စာသာတော်တာ
ဒါကျမစဉ်းစားတတ်ဘူးလား မင်းသူငယ်ချင်းငါက
မီတာထောင့်ငါးရာအပြေးပြိုင်ရမှာလေ သူများတွေလိုအလျားခုန် လှံတံပြစ် သံလုံးသံပြားပြစ်မှမဟုတ်ဘဲ လေ့ကျင့်ရအောင်...'

After AllWhere stories live. Discover now