Part 11♡

450 44 5
                                    

Unicode;

'ရိပေါ်..ရိပေါ်..
ဟျောင့် ဝမ်ရိပေါ်!!..'

တိတ်ဆိတ်နေသည့်စာသင်ခန်းအတွင်း ခပ်ကျယ်ကျယ်ပျံ့လွင့်သွားသည့်အော်သံသည် ဘေးနားမှာထိုင်နေသည့်ကောင်လေးကြားရုံမျှမက တစ်ခန်းလုံးလန့်သွားအောင်ပင်ကျယ်လွန်းလှ၏။ဘောပင်ကိုကိုင်ကာစာရွက်အဖြူပေါ်ခြစ်ကစားနေသည့်ကောင်ငယ်လေးသည်သူ့နာမည်ကိုအော်ခေါ်သောအသံကြားကြောင့် ဘောပင်ကိုခပ်တင်းတင်းကိုင်ကာဘေးနားရှိအဖော်ကိုခပ်ကြောင်ကြောင်လေးကြည့်နေ၏။

'ငါခေါ်နေတာအခါတစ်ရာမကတော့ဘူး
ဘာတွေးနေတာလဲရိပေါ်..ကိုကိုကြီးအကြောင်းတော့
မဟုတ်ဘူးမလား...'

'မဟုတ်ပါဘူး..'

ချက်ခြင်းအငြင်းစကားဆိုလာသည့်ကောင်လေးသည် ပါးလေးနှစ်ဖက်ဟာပန်းနုရောင်အဖြစ်သို့ကူးပြောင်းသွား၏။နောက်မှပါးစပ်ကလေးတပြင်ပြင်ဖြင့်ငြိမ်ကျသွားသည့်ကောင်လေးသည် သူအရမ်းသိသာသွားမည်ကိုစိုး၍ထင် အလျှင်အမြန်စကားလမ်းကြောင်းပြောင်း၏။

'ငါ့ကိုဘာလို့ခေါ်တာလဲ..'

'ဪ..အတန်းပိုင်ခေါ်နေတယ်..
ရုံးခန်းထဲတစ်ချက်လာခဲ့ပါတဲ့..'

'အင်း..'

ပြန်ပြီးတိတ်ဆိတ်သွားသည့်ကောင်လေးနှစ်ယောက်၏စကားဝိုင်းတွင် နုနုနယ်နယ်ကောင်မလေးတစ်ယောက်ချဉ်းကပ်လာသည်။တစ်ခန်းလုံး၏အကြည့်သည်ထိုကျောင်းသားလေးထံတွင်သာ။ဘေးနားရှိသူငယ်ချင်းသည်လည်းဘာမပြောညာမပြောဖြင့် ထထွက်သွားသောကြောင့်စာအုပ်ထုတ်နေသည့်ကောင်လေးသည် ခေါင်းမော့လာ၏။

'ကျိုးယွမ်ဘယ်သွား..'

'ရိပေါ်..'

ဘေးနားမှထွက်လာသည့်စကားသံကြောင့်ချက်ခြင်းစောင်းငဲ့ကြည့်လိုက်တော့ မျက်နှာအမူအရာပြောင်းလဲသွားသည့်ကောင်လေးသည် ဘာအဓိပ္ပာယ်ဖော်ပြရမှန်းမသိပေ။မနှစ်မြို့သည့်အသွင်လဲမပြသလို စကားလက်ခံပြောဖို့ကိုလဲလက်မခံသည့်ပုံစံပင်။

ခန့်တွန့်တွန့်လေးဖြစ်နေသည့်ကောင်မလေးသည် နှုတ်ခမ်းဖျားမှစကားတစ်ခွန်းထွက်ကျလာဖို့အရေးမနည်းကြိုးစားအားယူနေဟန်။လက်နှစ်ဖက်ကိုထွေးယှက်ကာ ငုပ်တုပ်ရပ်နေသည့်ကောင်မလေးသည် နောက်ဆုံးတွင်အားယူကာ ပြောထွက်လာသည့်စကားတို့ကြောင့်အခန်းထဲရှိကျောင်းသားကျောင်းသူများမှ အာမေဍိတ်အသံများဖုံးလွမ်းသွားသည်။

After AllWhere stories live. Discover now