ဟိုးရှေးရှေးတုန်းက...
ဝမ်ပြည့်ရှင်အုပ်စိုးသည့်တိုင်းပြည်တွင် အင်မတန်ဉာဏ်ပညာဖြင့်ပြည့်စုံသည့်သက်လတ်ပိုင်းအရွယ် ရှောင်းပညာရှိအမတ်ကြီးရှိသည်။ဘိုးဘေးတို့၏ပညာရှိမျိုးရိုးကိုဆက်ခံသည့် ရှောင်းအမတ်ကြီးသည်နန်းတွင်းတွင်အမှုထမ်းရုံမက၊ နန်းပြင်တွင်လည်းအိမ် တော်နှင့်တွဲလျက်ကျောင်းတော်ကြီးတစ်ခုကိုဖွင့်ထားပြီးကိုယ်တိုင်ဦးစီးသင်ကြားပေးသည်။
ကျောင်းတော်ကြီးတွင်အခြေခံလူတန်းစားမှအစမြို့စားနယ်စား၊မှူးမတ်များ၏သားသမီးများအဆုံးလာရောက်သင်ကြားကြသည်။ရှောင်းအမတ်ကြီးဦးဆောင်သည့် ဆရာများ၏လက်အောက်မှာပညာသင်ကြားသွားကြသည့်ကျောင်းသားအားလုံးနီးပါးထွန်းထွန်း ပေါက်ပေါက်ဖြစ်ကြသည်။
ရှောင်းအမတ်ကြီးနှင့်ရှောင်းကတော်တို့၏ သားကြီးဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှောင်းရီသည်လည်း ဖခင်ဖြစ်သူ၏ဉာဏ်ပညာအတိုင်း ထူးထူးချွန်ချွန်ဖြစ်သည်။နောင်တစ်ချိန်တွင် ဖခင်၏ခြေရာကိုနင်းမည့်သားလည်းဖြစ်၏။ရှောင်းအမတ်ကြီးမှာ အားကိုးအားထားရာ သူ၏သားကြီးဩရသ ရှောင်းရီရှိနေ ၍သာတော်ကာကျသည်။မဟုတ်ရင်တော့...
"နှစ် နဲ့ နှစ် ပေါင်း ခြောက်..."
"ကိုး ထဲက နှစ် နှုတ် ငါး...ငါးကြော်စားချင်တယ်..."
"စာသင်နေတာမပြီးသေးဘူးလေ ကျန့်အာ...ဘယ်ပြေးသွားပြန်တာလဲ..."
ကျန့်အာတစ်ယောက်နဲ့တော့ ခက်ပါသည်။ဒီကလေးရဲ့အထိန်းတော်လုပ်ရတာလည်းမလွယ်ပါဘူး။အသက် ရှစ်နှစ်ရှိနေပြီ။အခုထိအပေါင်းအနှုတ်မရသေး။
ကျန့်အာက တုံးတာလားဆိုတော့လည်းမဟုတ်ဘူး။စာလုပ်ချင်စိတ်ကိုမရှိတာ။ စာကိုလုံးဝစိတ်မဝင်စားဘဲ အချိန်ပြည့်အစားအကြောင်းပဲတွေးနေတာ။ အခုလည်း စာသင်နေရင်းတန်းလန်းစားဖိုဆောင်ဘက်ပြေးသွားပြန်ရော။စာသင်ပေးနေတဲ့ဆရာကလည်းဘာမှမပြောပါဘူး။ပြောလို့လည်းမရပါဘူး။
"ဒါလေးက ဘာမုန့်လေးလဲ...မနက်တုန်းကကျွေးတဲ့အထဲမှာ မပါပါဘူး..."