"သခင်လေး သခင်လေး..."
စာသင်နှစ်ပြီးဆုံးသွား၍ နန်းတွင်းသို့ပြန်ရတော့မည်ဖြစ်သောကြောင့် ဝမ်ရိပေါ်နှင့်တကွသူ၏ကိုယ်ရံ တော်များဝေါယာဉ်ဘေးတွင်ရပ်နေလျှင်ပဲ ကျန့်အာပြေးလို့လာ၏။တစ်နေရာရာကိုသွားမည့်အသွင်ဖြစ်နေသောဝေါယာဉ်လေးကိုကျန့်အာလိုက်ပတ်ကြည့်နေရင်း ဝမ်ရိပေါ်ဘေးသို့ရောက်လာကာ...
"ဘယ်သွားမလို့လဲ သခင်လေး..."
ကျန့်အာက ခါတိုင်းလို ဝေါယာဉ်ပေါ်ချီတင်ဖို့သူ့လက် လေးနှစ်ဖက်ကိုဆန့်တန်းလိုက်သည်။
မျက်ဝန်းအိမ်ထဲဝမ်းနည်းရိပ်တို့စွဲထင်နေကာကျန့်အာ၏တောင်းဆိုမှုကို မည်သို့တုံ့ပြန်ရမည်မသိသည့်ဝမ်ရိပေါ်က ကျန့်အာရှေ့တွင်ဒူးတစ်ဖက်ထောက်ထိုင်လိုက်၍ လက်မောင်းလေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။အချိန်အတော်ကြာကြီးမည်သည့်စကားမှမဆိုသေးဘဲ ဘာဆိုဘာမှနားမလည်သေးသည့်မျက်နှာလေးကိုသာတွေတွေလေးစိုက်ကြည့်နေမိ၏။
အခက်တွေ့နေသည့်ဝမ်ရိပေါ် အနီးသို့ရှောင်းအမတ် ကြီးက ကျန့်အာ၏နာမည်လေးကိုခေါ်ကာလျှောက်လှမ်းလာသည်။ပြီးလျှင်ကျန့်အာ၏ခေါင်းလေးကိုဖွဖွလေးသပ်ပေးလိုက်ရင်း...
"ကျန့်အာ...အိမ်ရှေ့စံလေးက အိမ်ပြန်မလို့လေ..."
အဖေဖြစ်သူပြောတော့ ကျန့်အာက ဝမ်ရိပေါ်ကိုကြည့်ပြီး...
"သခင်လေးက နောက်နှစ်ကျောင်းတက်ရင်စားဖို့အိမ်ပြန်ပြီး မုန့်တွေသွားယူတာလား..."
"....."
"ဝေါယာဉ်လေးအပြည့် မုန့်တွေထည့်ပြီးပြန်လာမှာလား...ဟုတ်လား..."
သူ့လက်ဖျံကိုလက်သေးသေးလေးတွေနဲ့ကိုင်ကာ မျက်လုံးဝိုင်းလေးတွေတလက်လက်ဖြစ်ပြီးမေးနေသည့် ကျန့်အာကြောင့်ဘာစကားမှမပြောနိုင်အောင်စို့နင့် လို့နေသည့်ဝမ်ရိပေါ် ကခေါင်းညိတ်ပြပြီး "အင်း" တစ်လုံးသာဖြေဖို့တတ်စွမ်းနိုင်၏။ထိုအခါကျန့်အာကဝမ်ရိပေါ်၏လက်ဖျံကိုလွှတ်ပေးလိုက်ပြီး...
"အဲ့တာဆို မြန်မြန်သွားယူတော့နော်..."
ငယ်သေး၍လည်းဖြစ်နိုင်မည်။အဖြစ်မှန်ကိုနားမလည် သေး၍ဖြစ်နိုင်မည်။ဝမ်းနည်းရိပ်လေးတွေရှိမနေဘဲဝမ်းပန်းတသာပင် တာ့တာပြကာနှုတ်ဆက်ကျန်ရစ်ခဲ့သည့် ကျန့်အာကြောင့် ဝမ်ရိပေါ် အဆိုးထဲကအကောင်းဟုပင်သတ်မှတ်ကာ စိတ်ဖြောင့်စွာဖြင့်ချန်ရစ်နိုင်ခဲ့သည်။
___________ ______________