အပိုင်း(၂) Unicode

2.5K 244 27
                                    

ရှောင်းအမတ်ကြီးက သူ့အခြွေအရံတစ်ဦးအား...

"သွားခေါ်ခဲ့ချေ..."

ပန်းချုံနောက်ကနေ ဆွဲထုတ်ခြင်းခံလာရသည့်ကျန့်အာ က ဧည့်ဆောင်ထဲမှာ အုပ်စုလိုက်ဖြစ်နေသောကိုယ်ရံတော် တပ်ဖွဲ့ဝင်များကို ရှိန်ကာတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေ​၏။ဧည့်ဆောင်နဲ့နီးလာလေ ခြေထောက်လေးများမရွေ့တော့လေ ဖြစ်လာပြီး ဒါကိုလှမ်းတွေ့နေရသည့်ဖခင် ဖြစ်သူက ခေါ်သည်။

"ဒီကိုလာလေ ကျန့်အာ..."

လူစိမ်းတွေကိုကြည့်ပြီး ကျန့်အာသူ့ခေါင်းလေးကိုခါပြသည်။ဖခင်ရော မိခင်ပါ ဝင်ခဲ့ဖို့ခေါ်လို့မရသည့်အခါ အစ်ကိုဖြစ်သူ ရှောင်းရီက စားပွဲပေါ်ကမုန့်လေးတစ်ခုကိုယူ၍ ကျန့်အာမြင်သာအောင် ထောင်ပြလိုက်ပြီး...

"ကျန့်အာရေ...ဒီမှာ မုန့်မုန့်..."

ကျန့်အာရဲ့မျက်လုံးလေးတွေထဲ ဘာမှမမြင်တော့။မုန့်ကိုင်ထားသည့် ရှောင်းရီရှိရာကိုသာလှစ်ကနဲပြေးသွားလိုက်ပြီး လက်ထဲကမုန့်ကိုလှမ်းယူလိုက်​၏။ ညီဖြစ်သူကိုသိပ်ချစ်ရသည့် ရှောင်းရီက ကျန့်အာ​၏ခေါင်းလုံးလုံးလေးကိုငုံ့နမ်းလိုက်ကာ သူ့ပေါင် ပေါ်တွင်ထိုင်စေလိုက်​၏။

အစ်ကိုဖြစ်သူ​၏ပေါင်ပေါ်မှာထိုင်ပြီး မုန့်ကိုပလုတ်ပလောင်းစားနေသည့်ကျန့်အာက သူ့ရှေ့က ဝမ်ရိပေါ်ကိုစူးစမ်းသလိုကြည့်လိုက်ချိန်တွင် ဝမ်ရိပေါ်ကလည်းသူ့ကိုကြည့်နေသည့်အခါ ခေါင်းလေးကိုအမြန်ငုံ့လိုက်၍ လက်ထဲကမုန့်လေးကိုဆက်စားနေ​၏။

"ဒီဟာလေးစားကြည့်မလား..."

ဝမ်ရိပေါ်က သူ့ကိုရှိန်နေဟန်ရသည့် ကျန့်အာရှေ့သို့ မုန့်အချိုလေးတစ်ခုကမ်းပေးလိုက်သည်။ကျန့်အာကချက်ချင်းယူစားလိုက်သည်ကြောင့် ဝမ်ရိပေါ်တစ်ခုပြီးတစ်ခုကမ်းပေးနေရင်း ကျန့်အာ​၏ကိုယ်လုံးလေးက သူ့အစ်ကို​၏ကိုယ်ပေါ်မှ တဖြည်းဖြည်းလျှောကျလာကာ ဝမ်ရိပေါ်ရှိရာဘက်သို့ရောက်သွား​၏။

ကြင်နာတတ်သည့်ဝမ်ရိပေါ်ကလည်း ကျန့်အာကိုကောက်ချီလိုက်ပြီး သူ့ကိုယ်ပေါ်တွင်ထိုင်စေလိုက်သည့်အခါ ရှောင်းမိသားစုဝင်များအားနာရသည်။နောင်တစ်ချိန်တိုင်းပြည်အုပ်ချုပ်မယ့်ကြီးမြတ်သူတစ်ဦးရဲ့ကိုယ်ပေါ်မှာ သူတို့သားငယ်လေးကမတက်ထိုင်သင့်ဘူးမလား။သို့ပေမယ့် အိမ်ရှေ့စံကိုယ်တိုင်ကလိုလိုလားလားဖြစ်နေတော့ဝင်ပြောလို့လည်းမရ။

My Little ConsortWhere stories live. Discover now