မနက်စာပွဲတော်တွင် မျက်နှာမကောင်းစွာတစ်ဦးတည်းထိုင်လို့နေသည့်ဝမ်ရိပေါ် ကြောင့် ရံရွှေတော်များအသက်သိပ်မရှူရဲကြ။
အစားအသောက်လာဆက်သသည့် စားတော်ကဲကြီးသည်ပင်အရာမယွင်းသည့်အစားအသောက်များကြောင့်အကြောင်းပြချက်မဲ့သူ့ကိုယ်သူအပြစ်တင်နေမိ၏။သူ့လက်ရာတွေကစားချင်စဖွယ်မရှိလို့လား။
ပူနွေးနေသည့်အစားအစာများ အငွေ့ကွယ်ပျောက် ၍အေးစက်ခြင်းဆီသို့ရောက်ရှိလာသည့်အခါ ဝမ်ရိပေါ် စားတော်ပွဲမှထပြီးဘာတစ်ခွန်းမှမဆိုဘဲနန်းဆောင်အပြင်သို့ထွက်သွားသည်။
"ကိုယ်တိုင်ကြွမြန်းလာတယ်ဆိုတော့ လိုအပ်တာရှိလို့ပါလား အရှင်..."
ကျန့်အာရှိရာအဆောင်ရှေ့ရောက်လာသည့် ဝမ်ရိပေါ်ကို ရှောင်းရီက ရှေးဦးစွာတွေ့မြင်ကာ ဂါဝရပြုလိုက်သည်။ရှောင်းရီကို ဝမ်ရိပေါ်အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အဆောင်ဘက်သို့လှမ်းကြည့်နေကာ...
"ကျန့်အာ ရှိလား..."
"စိုးရွံ့လှပါတယ် မရှိကြောင်းပါ...ကျန့်အာက ပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်နေကြတဲ့ ကြင်ယာတော်လောင်းတွေနဲ့ အတူတူရှိနေပါတယ်..."
ကျန့်အာရှိနေသည့်နေရာကိုသိသည်နှင့်ဝမ်ရိပေါ်လှည့်ထွက်ဖို့လုပ်လိုက်ပြီးမှ ရှောင်းရီရှေ့သို့ပြန်ရောက်လာကာ...
"ကျန့်အာက ဘယ်အရွယ်ကတည်းက စကားနည်းသွားရတာလဲ..."
"ကျန့်အာက အရင်တိုင်းပါပဲ အရှင်...နန်းတော်ထဲမလာခင်ကျင့်သုံးအပ်တဲ့အပြုအမူလေးတွေကိုသင်ပြထားလို့ လိုက်လျောညီထွေစွာနေထိုင်နေခြင်းပါ..."
"တကယ်အဲ့တာကြောင့်ပဲဆိုတာသေချာလား..."
သူ့ကိုတည့်တည့်စိုက်ကြည့်ပြီးမေးနေသည့် ဝမ်ရိပေါ် ကိုရှောင်းရီ ကလည်းခိုင်မာစွာပြောသည်။
"အရှင် ဘာကိုစိုးရိမ်နေလည်းမသိပေမယ့် ဘာမှစိတ်မပူပါနဲ့...ကျန့်အာက အရှင့်ကိုမှတ်မိတယ် ဆိုတာထက် ပိုပါတယ်...အချိန်လေးနည်းနည်းထပ်ပေးလိုက်ဖို့ ကျွန်တော်မျိုးကပဲကိုယ်စားတောင်းဆိုလိုပါတယ်..."