"ခမည်းတော်နဲ့မယ်တော်ကို ဂါဝရပြုပါတယ်..."
ဝမ်ရိပေါ်ပြောပြီး ထုံးတမ်းအစဉ်အလာအတိုင်းသူ့မိဘများကို ဂါဝရပြုလိုက်သည်။
ဒါကိုကြည့်နေသည့်ကျန့်အာကလည်းဝမ်ရိပေါ်လုပ်သည့်အတိုင်းဝတ်ရုံလက်တစ်ထောင်ခန့်ရှည်ထွက် နေသောလက်လေးနှစ်ဖက်ကိုနဖူးထိပ်ပေါ်တင်ပြီးကိုယ်လေးကိုကိုင်းချကာသူလုပ်တတ်သလိုလေးဂါဝရပေးသည်။
ပြီးလျှင် ဒူးလေးတုပ်ပြီးထိုင်ချလိုက်လျှင်ပဲဝမ်ရိပေါ် ပေးဝတ်ခဲ့သော အိမ်ရှေ့စံဝတ်ရုံထဲမှာမြုပ်နေပုံကမြေကြီးထဲမှထွက်ခါစမျှစ်စို့လေးလိုပြူတစ်တစ်လေးဖြစ်၏။
ထိုပုံလေးကိုဝမ်ပြည့်ရှင်နှင့်ဝမ်မိဖုရားကြီးတို့ကမျက် တောင်မခတ်ဘဲစိုက်ကြည့်နေ၍ကျန့်အာကိုယ်လုံးလေးကျုံ့သွားသည်။ထို့ကြောင့်ကြမ်းပြင်ပေါ်ဘေးတိုက်လေးတကျွိကျွိရွှေ့သွား၍ ဝမ်ရိပေါ်နှင့်အသားချင်းထိသည်အထိကပ်ထိုင်လိုက်သည်။ဒါကိုသိသည့်ဝမ်ရိပေါ်ကပြုံးမိပြီးကျန့်အာမကြောက်အောင် ကျန့်အာ၏လက်လေးကိုကိုင်ထားပေးလိုက်သည်။
"ဒါလေးက ရှောင်းအမတ်ကြီးရဲ့သားလေးဆိုတာလား..."
ရှောင်းအိမ်တော်မှ ရှောင်းအမတ်ကြီး၏သားဖြစ်သူအလည်လိုက်လာသည်ကို ရှေ့တော်ပြေးများထံမှသတင်းရပြီးသားဖြစ်သော်လည်း ဝမ်မိဖုရားကြီးကစကားဦးသန်းလိုက်သည်။နန်းတွင်းဆိုသည့်အရာက တော်ဝင်မိသားစုနှင့်အမှုထမ်းဆောင်သည့်လူများသာ ဝင်ထွက်သွားလာခွင့်ရှိသည်ကြောင့်ရှောင်းအမတ်ကြီး၏ရင်သွေးများကို တစ်ခါမှမတွေ့ဖူးသည်ဖြစ်ရာ သေချာအောင်မေးလိုက်ခြင်းလည်းဖြစ်၏။
"ဟုတ်ပါတယ် မယ်တော်...ကျန့်အာလို့ခေါ်ပါတယ်..."
ကျန့်အာ အစား ဝမ်ရိပေါ်ဖြေသည်။
ဝမ်မိဖုရားကြီး နောက်မေးခွန်းတစ်ခုမမေးခင် ထူးထူးဆန်းဆန်းကိန်းဂဏန်းလေးတွေမပေါ်လာစေရန်ဝမ်ရိပေါ်ကြိုဖြေလိုက်သေးသည်။
"အသက်က ၈ နှစ်ခွဲရှိပါပြီ..."
"အလိုလေး...၈ နှစ်ခွဲအရွယ်ကလေးတစ်ယောက်က ဘာလို့ သေးသေးညက်ညက်လေးလဲ...ရှောင်းအိမ် တော်ကလူတွေ ကလေးကိုအစားကောင်းကောင်းရော ကျွေးရဲ့လား..."