"သခင်လေး သခင်လေး..."
"သခင်လေး သခင်လေး..."
နေရာထိုင်ခင်းအပြောင်းအလဲဖြစ်၍ ညသန်းခေါင်ယံမှအိပ်မောကျသွားသည့်ဝမ်ရိပေါ်ကအိပ်မက်ထဲမှာခေါ် သံရှတတလေးတွေကြားနေရသည်။ခေါ်သံလေးတို့ကတ ဖြည်းဖြည်းနဲ့ပို၍ပီပြင်လာသည့်နောက်သူ့လက်ဖမိုးပေါ်၌ ယားကျိကျိအထိ အတွေ့လေးတစ်ခုခံစားနေရ၏။မသိပါက လက်သည်းလေးတွေနဲ့ဖွဖွလေးကုတ်ခံနေရခြင်းမျိုးဖြစ်၏။
ယားနေသည့်လက်ဖမိုးကိုဝမ်ရိပေါ်အခြားသောလက်နဲ့ပွတ်သပ်လိုက်သည်။ပြီးလျှင် မျက်လုံးမဖွင့်ဘဲတစ်ချက်ညည်းညူလိုက်ကာအိပ်ရာအတွင်းဘက်သို့မျက်နှာမူ၍ ခန္ဓာကိုယ်ဘေးစောင်းအိပ်လိုက်၏။ဝမ်ရိပေါ်ပြန်ပြီးအိပ်ပျော်သွားသလိုရှိသည်။သို့သော်ခုနကလိုခံစားမှုမျိုးကိုပြန်ကြုံတွေ့နေရ၏။ဒီတစ်ခါတော့ လက်ဖမိုးပေါ်မှာမဟုတ်။ သူ့ကျောပြင်ပေါ်မှာဖြစ်၏။
ကျောပြင်ထက်အဆက်မပြတ်ယားကျိကျိဖြစ်နေသည်ကြောင့် ဝမ်ရိပေါ်ဆက်အိပ်လို့မရစွာဖြင့်သူ့ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက်သို့ပြန်ပြီးဘေးစောင်းလိုက်ကာမျက်လုံးများကိုဖွင့်ကြည့်လိုက်၏။
သူ့တစ်ကိုယ်လုံးကြက်သီးမွေးညင်းများထသွားပြီးနှလုံးရပ်တော့မလိုတောင်ဖြစ်သွား၏။သူမျက်နှာမူထားရာအရပ်ဖြစ်သောသူ့အိပ်ရာဘေးတွင် ဒူးတုပ်ထိုင်နေဟန်ရှိသည့် သဏ္ဌာန်ငယ်လေးတစ်ခုရှိသည်။အိပ်ဆောင်တစ်ခုလုံးမှောင်မိုက်နေသည်ကြောင့် မည်းမည်းတုံးလေး တစ်ခုလို့သာထင်မှတ်ရသည်။
ထိုမည်းမည်းတုံးလေးကို သူကြောင်ပြီးစိုက်ကြည့်နေမိသလို၊ထိုမည်းမည်းတုံးလေးကလည်း သူ့ကိုစိုက်ကြည့်နေဟန်ရှိသည်။အမှောင်ထဲမှာမျက်လုံးအနည်းငယ်ကျင့်သားရလာသည့်အခါ...
"ကျန့်အာလား..."
ရင်းနှီးသလိုရှိတဲ့ဒီပုံရိပ်လေးကိုသူ့အနေနဲ့ မဖြစ်နိုင်ပါဘူးဟုတွေးထင်မိသော်လည်းဟုတ်လိုဟုတ်ငြားမေးလိုက်သည့်အခါအမှောင်ထဲက မည်းမည်းတုံးလေးကပြန်ဖြေသည်။
"ဟုတ်တယ်လေ ကျန့်အာလေ...သခင်လေးပြောတော့ မနက်ရောက်ရင်ကျန့်အာကိုမုန့်ကျွေးမယ်ဆို..."