အပိုင်း(၄) Unicode

2.3K 228 19
                                    

ဝမ်ရိပေါ် ဒီကိုရောက်ရှိနေသည်မှာ ငါးရက်ကျော်ပြီဖြစ်​တာကြောင့်အလွန်ပင်နေသားကျနေ​ပြီဖြစ်​၏။

ကျောင်းတော်တွင်ပညာသင်ကြားသည့်အချိန် များ၌ ရှောင်းရီက လိုအပ်သမျှဘေးမှအနီးကပ်ကူညီပေးခြင်းဖြစ်ကာ ရှောင်းအိမ်တော်မှလူများအားလုံးကသူ့ကိုအိမ်ရှေ့စံတစ်ဦးဆိုတာထက် မိသားစုဝင်တစ်ဦးကဲ့သို့ ခံစားစေသည်ကြောင့်မိသားစုနဲ့ဝေးတဲ့နန်းပြင် မှာဖြစ် နေလင့်ကစား နန်းတွင်းကိုတစ်ခါမှသတိရအောက်မေ့ခြင်းမရှိတာဖြစ်သည်။အထူးသဖြင့်...။

တိုင်းပြည်​၏အခွန်အခအကြောင်းနှင့်ပတ်သက်၍ အရှေ့က ဆရာ​၏ရှင်းပြချက်ကိုဝမ်ရိပေါ်နားထောင် နေရင်း သူတို့စာသင်ဆောင်ကနေလှမ်းမြင်နေရသည့် နေရာမှာဆော့နေသော ကျန့်အာရှိရာကိုကြည့်မိသည်။

လက်ထဲက ဒိုးလေးကိုမိုးပေါ်ပစ်ပြီးပြန်ကျလာတဲ့အခါခြေတစ်ပေါင်ကျိုးလေးခုန်ပြီးသွားပြန်ယူဆော့နေတဲ့ဟာလေးကို အဲ့နေရာမှာ သူမနက်ခင်းတစ်ခုလုံးသာမက၊ နေ့လယ်စာစားပြီးချိန်ပြီးလို့ စာသင်ချိန် ပြန်ရောက်နေတဲ့အချိန်ထိတောင် တွေ့နေရတာဖြစ်သည်။တစ်ခါတစ်လေတော့ ခဏပျောက်သွားတတ်ပေမယ့် ပြီးရင်တော့ အနောက်ကနေပြေးလိုက်လာတဲ့အထိန်းတော်နဲ့ အဲ့နေရာကိုပဲပြန်ရောက်လာတာဖြစ်သည်။

ဆော့နေတာရပ်သွားရင် ဝတ်ရုံလေးထဲကတစ်ခုခုကိုထုတ်စားနေတတ်တာကိုတွေ့သည်။ပြီးရင်တစ်ယောက်တည်း ငြိမ်ငြိမ်လေးပြန်ဆော့နေတတ်သည်။ရွယ် တူကစားဖော်တွေလည်းရှိမနေ။ သူ့ကိုတွေ့ရင်တော့ "သခင်လေး သခင်လေး"လို့ခေါ်တတ်သည်။မုန့်ကျွေးတာစားပြီးရင်တော့ တာ့တာပြပြီးပျောက်သွားသည်။အနောက်ကနေတကောက်ကောက်လိုက်နေတာမျိုးလည်းမဟုတ်။

အဖော်လည်းအရမ်းကြီးမင်တတ်ပုံမရတဲ့ ဒီကလေးကိုသူသဘောကျရတာတစ်ခုရှိသည်။အဲ့တာကအခြားကလေးတွေလို ဂျီကျတာတွေ၊ကောက်ချိတ်တာတွေဘာတွေမရှိ။စားစရာရှိရင်စားနေသည်။စားစရာမရှိရင်ကစားတာနဲ့ပဲသံသရာပြန်လည်နေသည်။သို့ပေမယ့်သူ့စိတ်ထဲမတင်မကျလေးဖြစ်နေတာတစ်ခုပဲရှိသည်။

My Little ConsortWhere stories live. Discover now