"ဒီနေ့လည်း ကျန့်အာ ပြန်မရောက်သေးဘူးလား..."
မနက်ခင်း စာသင်ဖို့အိပ်ဆောင်ထဲမှထွက်လာပြီး ရှောင်းရီကိုမြင်သည်နှင့်ဝမ်ရိပေါ်မေးသည်။ရှောင်းရီခေါင်းခါပြသည့်အခါ ဝမ်ရိပေါ်စိတ်အလိုမကျဟန်သက်ပြင်းခပ်ပြတ်ပြတ်ချလိုက်သည်။
သူ့အနေနဲ့ဒီမေးခွန်းကိုမေးနေရသည်မှာ နေ့စဉ်ရက် ဆက်လိုဖြစ်နေသည်။ပြန်ရသည့်အဖြေတိုင်းကလည်းကျေနပ်စရာမရှိ။ သူတို့နန်းတော်ကပြန်လာပြီးနောက် တစ်နေ့၌ ကျန့်အာက အဘွားဖြစ်သူရှိရာနယ်ဘက်ကို အမေဖြစ်သူနှင့်အလည်အဖြစ်သွားရောက်ခဲ့တာဖြစ်သည်။ဘယ်ဆီဘယ်ဌာနေမှန်းရေရေရာရာမသိရတဲ့နေရာမှာ ကျန့်အာရောက်နေတာ နှစ်လပင်ရှိနေပြီဖြစ်ပြီး အခုထက်ထိပြန်လာဖို့သတင်းကိုမရသေးတာဖြစ်သည်။
နောက်လေးလဆိုရင် သူ့ရဲ့စာသင်ကာလပြီး၍ နန်းတွင်းပြန်ရတော့မည်ဖြစ်သည်။ထို့ကြောင့် သူ့အနေနဲ့တစ်ရက်ဆိုတစ်ရက် နန်းပြင်မှာရှိတဲ့ရက်တွေကို တန်ဖိုးထားနေရပေမယ့်ကျန့်အာကသူနဲ့အဝေးကိုရောက်နေတာဖြစ်သည်။အဖြေတွေထဲမှာ သူအလိုမကျဆုံးအဖြေကထိုအရပ် မှာ ကျန့်အာကပျော်သလောက်နေဖြစ်မည်ဆိုတာပင်ဖြစ်၏။
ပျော်သလောက်။ ဘာကိုပျော်သလောက်လဲ။
ဒီကလေးအကြောင်းသူမသိလို့လား။နန်းတော်ထဲမှာသူတစ်ရက်လောက်ပဲပျော်အောင်ထားပေးခဲ့ရတာတောင် မပြန်ချင်တော့ဘူးလုပ်နေတာ။
လူကြီးတွေပြန်မခေါ်ရင် အဲ့လိုပျော်တဲ့အရပ်မှာ တစ် သက်လုံးတောင် နေသွားနိုင်တဲ့ပုံမျိုးလေး။ပြီးတော့လုပ်ချင်တာလုပ်၊စားချင်တာစား၊ကစားချင်တာကစားနေရမယ်ဆိုရင် ဘယ်သူ့ကိုမှသတိမရတော့တဲ့မျက်နှာလွှဲခဲပစ်လေးက ဘယ်လိုလုပ်ပြန်လာတော့မှာလဲ။
"ဘာအလိုရှိလို့ပါလဲ အိမ်ရှေ့စံလေး..."
စာသင်ဆောင်များရှိရာဘက်သ်ို့လျှောက်နေရင်း ခြေလှမ်းများသွေဖည်သွားသည့်ဝမ်ရိပေါ်ကို ရှောင်းရီမေးလိုက်သည်။ဝမ်ရိပေါ်ဘာမှပြန်မဖြေဘဲ ရှောင်းအိမ်တော်၏အိမ်မကြီးရှိရာသို့လျှောက်လှမ်းလို့နေ၏။ရှောင်းရီကလည်း အနောက်မှလိုက်ပါလို့လာသည်။