အပိုင်း(၁၀) Unicode

2.2K 217 11
                                    

ဝမ်ရိပေါ် အိပ်ရာကနိုးလာသည့်အခါ ရင်ဘတ်တစ်ခုလုံးလေးလံနေသည်။လှုပ်မရပြုမရအခြေအနေမှာသူ့ခန္ဓာကိုယ်ကပက်လက်အနေအထားနဲ့ဖြစ်နေ​၏။ဝမ်ရိပေါ် သူ့မျက်လုံးကိုအောက်ချပြီးကြည့်လိုက်သည်။

ဝမ်ရိပေါ်​၏ရင်ဘတ်ပေါ်ခွရက်လေးမှောက်ခုံအိပ် ပျော်နေသည့် ကျန့်အာကအသက်ရှူသံလေးတွေတရှူးရှူးဖြစ်နေ​၏။ညက ဝမ်ရိပေါ်​၏လက်မောင်းပေါ်ခေါင်းလေးတင်ပြီးအိပ်နေခဲ့တာဖြစ်ပြီး၊ဟိုလှိမ့်ဒီလှိမ့်နဲ့ရင်ဘတ်ပေါ် ရောက်လာတာဖြစ်လိမ့်မည်။

ဝမ်ရိပေါ် နိုးနေပြီဖြစ်သော်လည်း မျက်လုံးများပြန်မှိတ်ချပြီးပြုံးလိုက်သည်။ကျန့်အာ​၏ကိုယ်လေးကိုမပြုတ်ကျအောင် လက်နှစ်ဖက်နဲ့ပြန်ဖက်ထားလိုက်၍ ဘေးရောက်နေသည့်စောင်ကိုယူကာနှစ်ယောက်လုံးပေါ်လွှမ်းခြုံလိုက်သည်။

မအိပ်ချင်တော့ပါဘဲ ပြန်မှိန်းနေသည့်ဝမ်ရိပေါ်က "ဂွီ"ဆိုပြီးထွက်ပေါ်လာသည့်အသံလေးကြောင့်အသည်းယားလို့ အသံထွက်ပြီးရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။လူလေးကမနိုးသေး ဗိုက်လေးကတော့နိုးနေပြီ။မကြာပါဘူး။လူလေးကပါ လှုပ်စိစိဖြစ်လာသည်။

ရင်ဘတ်ပေါ်ကအနွေးတုံးလေးကိုသူနည်းနည်းလေးတောင် အလွှတ်မပေးဘဲကြာကြာလေးဖက်ထားချင်ပေမယ့် အဲ့ဒီအနွေးတုံးလေးကညကတည်းကအိပ်ရာပေါ် ခေါ်သိပ်ထားတဲ့မုန့်ကြိုးလိမ်ကြီးကိုပြန်ကောက်စားဖို့လုပ်နေတာကြောင့် အမြန်ထလိုက်ရသည်။အိပ်ရာနိုးတာနဲ့အစာတောင်းနေတဲ့ပါးစပ်ပေါက်လေးထဲကိုအစာထည့်ပေးဖို့အချိန်ရောက်နေပြီမဟုတ်လား။

ဒီနေ့မနက်တော့ ဝမ်ရိပေါ် ဘုရင့်နန်းဆောင်ကိုအခစားမဝင်တော့ဘဲ မနက်စာပွဲတော်ကိုသူ့နန်းဆောင်မှာပဲပြင်ဆင်စေသည်။

ကျန့်အာကလည်းပွဲတော်တွေထဲမှာအဆိပ်ပါ မပါမြည်းပေးရသည့်လူကိုကြည့်ပြီးပါးစပ်လေးတပြင်ပြင်ဖြစ်နေသည်။ဟင်းပွဲများကအင်မတန်များပြားတာကြောင့် ထိုလူကတော်တော်နဲ့မပြီးနိုင်ဖြစ်နေ​​၏။

"မြန်မြန် လုပ်လေ..."

ကျန့်အာဆီက စိတ်မရှည်တော့သလိုမျိုးအသံသေးသေးလေးထွက်လာတော့ ဝမ်ရိပေါ် ထရယ်မိသည်။တော်တော်နဲ့ရယ်မစဲဖြစ်နေပြီး နန်းတွင်းထဲမှာဖြစ်တာကြောင့်အိန္ဒြေထိန်းလိုက်ရသည့် ဝမ်ရိပေါ်က ချောင်းတစ်ချက်ဟန့်ကာရယ်နေခြင်းကို ရပ်တန့်လိုက်သည်။ပြီးလျှင်ဟင်းမြည်းပေးနေသည့် လူကိုကြည့်ပြီး...

My Little ConsortWhere stories live. Discover now