"ကျန့်အာ နေမကောင်းဖြစ်နေတယ်"ဆိုတဲ့စကားကြောင့် ရှောင်းရီနှင့်အတူကျောင်းဆောင်များဆီသို့လျှောက်လှမ်းနေသည့်ဝမ်ရိပေါ်၏ခြေလှမ်းများသွေဖည်သွားသည်။
သူဒီကိုရောက်နေခဲ့တာ ၄ လရှိပြီဖြစ်ပြီး ဒီကာလအတွင်းကျန့်အာနေမကောင်းဖြစ်တဲ့အကြောင်းကအခုမှသူ့အတွက်ပထမဦးဆုံးဖြစ်သည့်အတွက်ကြောင့်ရင် ထဲစိုးရိမ်စိတ်တွေကတရိပ်ရိပ်။
"အိမ်ရှေ့စံလေး ဘာအလိုရှိလို့ပါလဲ..."
ဝမ်ရိပေါ်နှင့်ရှောင်းရီတို့နှစ်ဦးသား ကျန့်အာ၏အိပ် ဆောင်ဘက်သို့ရောက်သည့်အခါအခုမှအဆောင်ထဲမှထွက်လာဟန်ရှိသည့်ရှောင်းအမတ်ကြီးကမေးလိုက် သည်။
"ကျန့်အာရော...ကျန့်အာ နေမကောင်းဘူးဆို...ကလေးက ဘာဖြစ်တာလဲ..."
"တကူးတကသတင်းလာမေးလို့ ကျေးဇူးတင်ပါတယ် အရမ်းကြီးစိုးရိမ်စရာတော့မရှိပါဘူး...ဒီတိုင်း ကလေးတွေဖြစ်တတ်တဲ့ အအေးပတ်တာနဲ့ကိုယ်ပူချောင်းဆိုးတာလေးပါ..."
"အအေးကဘယ်လိုမိတာလဲ..."
"မနေ့ညနေက အိမ်တော်အနောက်ဘက်က ရေကန်အစပ်မှာ လိပ်ကလေးတွေနဲ့သွားဆော့တယ်ထင်ပါတယ်...အဲ့မတိုင်ခင်ကလည်း နေပူထဲလျှောက်ပြေးဆော့ထားတဲ့အရှိန်တွေနဲ့ အပူရှပ်တာမျိုးဖြစ်ပါလိမ့်မယ်..."
"သမားတော်တွေနဲ့ရော ပြပြီးပြီလား..."
"မနက်အစောကြီးကပဲလာကြည့်ပြီးပါပြီ...ဘာမှမဖြစ်လို့ အိမ်ရှေ့စံလေးအရမ်းမစိုးရိမ်ပါနဲ့..."
"အဟွတ်...အဟွတ်..."
အိပ်ဆောင်အပြင်မှာ မတ်တပ်ရပ်ပြောနေကြရင်းအိပ်ဆောင်ထဲမှထွက်ပေါ်လာသည့် ချောင်းဆိုးသံလေးကြောင့် ဝမ်ရိပေါ်၏နားရွက်ဖျားများဆတ်ကနဲဖြစ် သွားသည်။စာသင်ချိန်နောက်ကျနေပြီဖြစ်သော်လည်း လောလောဆယ် စာသင်ဖို့ကိစ္စကိုစိတ်ထဲဘယ်လိုမှထည့်နိုင်ခြင်းမရှိသည့်ဝမ်ရိပေါ်က အရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး...
"ကျန့်အာကိုခဏဝင်ကြည့်လို့ရမလား..."
အိမ်ရှေ့စံဆိုသည်မှာ တိုင်းပြည်၏ရတနာဟုသတ်မှတ် ထားကြသည်ကြောင့် နေမကောင်းဖြစ်နေသည့်ကလေးတစ်ဦးဆီသို့သွားရောက်ပါက မတော်တဆရောဂါဝေဒနာကူးစက်သွားမည်စိုး၍ မသင့်တော်သည့်အနေအထားမှာ...