Final (Unicode)

6.1K 271 38
                                    

ဝမ်ရိပေါ်သူ​၏ကိုးနှစ်စာပျက်ကွက်ခဲ့မှုအတွက်မုန့် များကို ဝေါယာဉ်ကိုးစင်းအပြည့်ထည့်ပြီးတင်တောင်းခဲ့ပြီးနောက်ကျန့်အာကတစ်ချက်ပင်မငြင်းဘဲပျော်ရွှင်မြူးတူးစွာဖြင့် ခေါင်းလေးတဆတ်ဆတ်ညိတ်ပြခဲ့ရာ မင်္ဂလာပွဲရက်သို့ရောက်ရှိလာခဲ့​၏။

"ဗွမ်း...ဗွမ်း...! "

ရံရွှေတော်ပေါင်းများစွာဝန်းရံနေကြသောရေချိုးကန်ထဲတွင်ကျန့်အာရောက်ရှိနေသည်။ထိုရေချိုးကန်ထဲ၌ ရေမရောသည့်နွားနို့စစ်စစ်များနှင့်သစ်သီးပေါင်းစုံပြည့်နှက်လျှံထွက်နေတာဖြစ်ပြီး၊ကျန့်အာကလည်းလက်လေးနှစ်ဖက်ဖြင့်တဗွမ်းဗွမ်းလုပ်နေ​၏။

ရံရွှေတော်များက လက်မောင်းသေးသေးလေးများ၊ လည်ဂုတ်နေရာလေးများ၊ ပါးပြင်ဝင်းဝင်းလေးများကို နာနတ်သီး၊ သရက်သီး၊ ချယ်ရီသီးစသည့်သစ်သီးအဖတ်လေးများဖြင့် ညင်သာစွာပွတ်သပ်တိုက်ချွတ်ပေးနေသည့်အခါ ကျန့်အာ​၏မျက်လုံးလေးများမှေးချင်သလိုလိုပြန်ဖြစ်လာ​၏။ရေချိုးပေးသူများကလည်းသူ့တာဝန်သူယူ၊ မုန့်လေး အသီးလေးများခွံ့ပေးသူများကလည်း တာဝန်ကြေနေလွန်းသည့်အခါကျန့်အာအင်မတန်ကိုဇိမ်ကျနေတာဖြစ်​၏။

"ကြင်ယာတော်လေးရှင့်...အဲ့ဒီသီးစုံနွားနို့ကန်လေးထဲကနေထွက်ပြီး ဒီဘက်က ရေစင်တော်ကန်လေးထဲကြွမြန်းပေးပါဦး..."

မင်္ဂလာပွဲအတွက်ပြင်ဆင်ပေးဖို့အချိန်သိပ်မရှိတော့သောကြောင့် ရံရွှေတော်များက နွားနို့များဖုံးလွှမ်းနေသည့်ကျန့်အာ​၏ကိုယ်လေးကို ရိုးရိုးရေနဲ့ပြန်ဆေးကြောပေးဖို့လုပ်နေရပြီဖြစ်​၏။သန့်စင်ခြင်းများပြီးဆုံးသွားသည့်နောက် ကျန့်အာကိုနူးညံ့လွန်းသည့်ကတ္တီပါဝတ်ရုံလေးနဲ့ရစ်ပတ်လုံးထုတ်ပေးလိုက်ပြီး၊ နန်းတွင်းအလှပညာရှင်များလည်းပြင်ဆင်ခြယ်သပေးဖို့လုပ်ကြရ​၏။

အခုမှနွားနို့ဖြင့်ရေချိုးခဲ့သည့်ကျန့်အာ​၏မျက်နှာလေးက ဖူးဖူးအိအိဝင်းမွတ်မွတ်လေးဖြစ်လို့နေကာမည်သည့်အောက်ခံမျက်နှာချေမှုန့်များပင်လိမ်းပေးစရာမလိုတာကြောင့်၊ မင်္ဂလာဆောင်မည့်သတိုးသားလေးများမလွဲမသွေ လိမ်းရသည့်ပါးအို့နီနီလေးအလုံးလေးနှစ်လုံးကိုသာပါးပြင်လေးတစ်ဖက်တစ်ချက်တွင်တင်ပေးလိုက်သည်။နှုတ်ခမ်းလေးကိုလည်းမည်သည့်အရာများမှမညိစွန်းစေဘဲသဘာဝအတိုင်းလေးသာထားပေးလိုက်​၏။

My Little ConsortWhere stories live. Discover now