အပိုင်း(၁၃) Unicode

2.1K 219 16
                                    

"ကျန့်အာပါ...ရှောင်းပညာရှိအမတ်ကြီးရဲ့သားပါ..."

တစ်ယောက်ပြီးတစ်ယောက် ပြီးသွား၍ အယောက် ၂၀ မြောက် သူ့အလှည့်ရောက်လာသည့်အခါ ကျန့်အာက လက်လေးနှစ်ဖက်ကိုနဖူးပေါ်တင်ကာကိုယ် လေးကိုင်းညွတ်၍ ဂါဝရပြု​သည်။အရှေ့မှလူများကဲ့သို့ဂါဝရပြုပြီးသည်နှင့်ထိုအရှေ့မှထွက်ဖို့ပြင်လိုက်စဉ်...

"ခဏလေး..."

တားမြစ်သံတစ်ခုကြောင့်ကိုယ်လေးတုံ့ကနဲဖြစ်သွားပြီး ရှေ့ဆက်မသွားတော့ဘဲ မျက်လွှာလေးချ၍ခေါင်းလေးကိုငုံ့ထားလိုက်​၏။ထိုပုံလေးကိုရွှန်းရွှန်းစားစားကြည့်နေသည့်ဝမ်ရိပေါ်​၏မျက်နှာကပြုံးယောင်သန်းလို့နေပြီး လည်ချောင်းရှင်းသလိုချောင်းတစ်ချက်ဟန့်လိုက်ကာ...

"နာမည်လေးက ဘာ..."

"....."

"နာမည်လေးက ဘာလဲလို့...ခုနက မကြားလိုက်လို့..."

"ကျန့်အာ..."

"ဘာ အာ..."

"ကျန့်...အာ..."

တစ်လုံးချင်းစီပီပီသသသံရှည်လေးဆွဲဖြေလာသံလေးကြောင့်ဝမ်ရိပေါ်စိတ်ထဲအသံထွက်ရယ်လိုက်ကာနောက်ထပ်မေးခွန်းပြောင်းဖို့လုပ်သည်။

"အသက်လေးက ဘယ်နှစ်နှစ်..."

"၁၈ နှစ်..."

ကျန့်အာဖြေတော့ ဝမ်ရိပေါ် ခေါင်းတညိတ်ညိတ်လုပ် ပြီး...

"ကိုယ်တော့်အသက်က ၂၅ ဆိုတော့ နှုတ်ကြည့်ပါဦး ဘယ်နှစ်နှစ်ကွာလဲလို့..."

"သားတော်..."

အရှေ့ကလူတွေတုန်းက မျက်လုံးတစ်ချက်တောင်လှန်မကြည့်ခဲ့သည့်သားဖြစ်သူက အခုနောက်ဆုံးအသေးလေးကိုမှတမင်တကာအချိန်တွေဆွဲနေမှန်း အလွန်တရာသိသာလွန်းသည်ကြောင့် ဝမ်ရိပေါ်​၏မယ်တော်က နှစ်ယောက်ကြားလေသံလေးဖြင့် သတိပေးလိုက်ရသည်။ကြည့်နေကြတဲ့မျက်ဝန်းတွေကအများကြီးပဲမဟုတ်လား။

"ကလေးရော့...ဒါလေးတွေယူပြီး နေရာမှာသွားထိုင် တော့နော်..."

ဝမ်ရိပေါ်​၏မယ်တော်က အချိုပွဲထဲမှတည်သီးခြောက် နှစ်ခုကိုယူကာ ကျန့်အာကိုကမ်းပေးသည်။ကျန့်အာကတွေဝေခြင်းမရှိ ချက်ချင်းယူလိုက်တော့ဝမ်ရိပေါ်တွေကနဲဖြစ်သွားရ​၏။မနက်ကနန်းတက်ပွဲမှာသူမုန့်ကမ်းပေးတဲ့အချိန်တုန်းက အစ်ကိုဖြစ်သူရဲ့ခွင့်ပြုချက်ကိုအရင်တောင်းခဲ့ပြီး အခုကျတော့လိုလိုလားလားကိုယူလိုက်တာပင်။

My Little ConsortWhere stories live. Discover now