အပိုင်း(၆) Unicode

2.1K 181 7
                                    

အခြားသောကလေးများနှင့်မတူစွာ အစားရော ဆေးရော လွယ်လင့်တကူဝင်ခဲ့သည့်ကျန့်အာက သုံးရက် မြောက်နေ့မှာ နေမကောင်းဖြစ်ခဲ့သည်ဟုမထင်ရစွာ ဒေါင်ဒေါင်မြည်ပြန်ဖြစ်သွား​၏။

ကျန့်အာ​၏ကိုယ်ပေါ်တွင် နို့စိမ်းရောင်ဝတ်ရုံအသစ် လေးရှိနေသည်။အထိန်းတော်ကြီးစီးပေးထားသည့်သစ်ခွစိမ်းရောင်အဝတ်ဖိနပ်လေးက ပြောင်ပြောင် လက်လက်လေးဖြစ်​၏။လက်တစ်ဝါးစာရွှေချည်ကွပ်ပိုးသားအိတ်လေးမှာမူခန္ဓာကိုယ်ထက်ဘေးလွယ်အိတ်လေးအဖြစ်နေရာယူသည်။

အထိန်းတော်ကြီး​၏လက်တစ်ဖက်တွင် စက္ကူထီးကြီးတစ်ခုရှိသည်။တစ်ဖက်လက်က ကျန့်အာ​၏လက်ကိုကိုင်ထားသည်။တစ်ကိုယ်လုံးတောက်ပနေသည့်ကျန့် အာကမြို့တော်ဈေးတန်းဘက်သို့လျှောက်ဖို့အဆင်သင့်ဖြစ်နေသည်။

ကျန့်အာ အသင့်ဖြစ်နေသော်လည်းတစ်ဖက်မှာအတိုက်အခံလုပ်နေရသူတစ်ဦးရှိ​၏။

"လုံခြုံရေးအရ မသင့်တော်ပါဘူး အိမ်ရှေ့စံလေး..."

ဝမ်ရိပေါ် အနေနဲ့နန်းပြင်ရောက်လာပြီးကတည်းကအကြားရဆုံးစကားတစ်ခွန်းမှာ"မသင့်တော်ပါဘူး"ဆိုသည့်စကားပင်ဖြစ်သည်။အိမ်ရှေ့စံဖြစ်တဲ့သူကသာမန်လူတွေကဲ့သို့ဘယ်အရာမှလွတ်လွတ်လပ်လပ်လုပ်ခွင့်မရဘူးဆိုတာသူသိသော်လည်း ဒီလိုခဏတဖြုတ်ဈေးတန်းတွေဘက်လိုက်ဖို့ကိစ္စတွေအထိပိတ်ပင် ထားခြင်းက အင်မတန်လွန်တာဖြစ်သည်။

သူလည်းကလေးကလားဆန်ဆန်ဈေးတန်းတွေလျှောက်လည်ချင်လွန်းလို့မဟုတ်။ကျန့်အာဆိုတဲ့ဟာလေးနဲ့အတူတူလိုက်သွားချင်ရုံ။ဒီလိုတစ်ပတ်မှာတစ်ရက် ကျောင်းပိတ်ရက်မှာ ကျောင်းတော်ဝန်းထဲဒီဟာလေး မရှိတော့ သူကဘာလုပ်နေရမှာလဲ။

"အစောင့်အရှောက်တွေက အလုံအလောက်မရှိတဲ့အတွက်ကြောင့် ကျွန်တော်မျိုးတို့ ခွင့်ပြုပေးလို့မရပါဘူး...ဒါက အိမ်ရှေ့စံလေးရဲ့ဖခမည်းတော်ဖြစ်တဲ့ဝမ်ပြည့်ရှင်ကိုယ်တိုင် မိန့်ကြားထားတာပါ..."

သူ​၏ကိုယ်ရံတော်များပါမက ရှောင်းအမတ်ကြီးကိုယ်တိုင်ဝင်ပြောနေသည့်အခါ ဝမ်ရိပေါ်စိတ်ထဲကနေ ကျစ်သပ်လိုက်မိသည်။သူ့ဘက်မှာဘယ်သူမှရှိမနေသည့်အခါ ဝမ်ရိပေါ် ကျန့်အာကို လှမ်းကြည့်သည်။

My Little ConsortWhere stories live. Discover now