အပိုင်း(၁၆) Unicode

2.5K 240 22
                                    

မျက်ရည်အိုင်ထဲဝမ်းနည်းမှောက်ခုံဖြစ်နေသောကျန့်အာရှိရာသို့ဝမ်ရိပေါ်အမြန်သွားလိုက်​၏။စားပွဲခုံပုလေးကိုလက်တွေနဲ့ပါမက၊ ခြေထောက်လေးများနှင့်ပါကုပ်တွယ်ထားသည်ကြောင့်ကျန့်အာ​၏ကိုယ် လေးကိုဝမ်ရိပေါ်ဆွဲလိုက်လျှင်ပဲ စားပွဲခုံလေးပါကပ်ပါလာသည်။

"အင့်~~"

စားပွဲခုံလေးနဲ့ကျန့်အာကိုဝမ်ရိပေါ်ကြိုးစားခွာယူသည်။ဘယ်လိုပင်ကြိုးစားပါသော်လည်းကျန့်အာကဝါးပင်ကိုကပ်တွယ်ထားသည့်ပန်ဒါဝက်ဝံလေးအသွင် ဖြစ်နေသည့်အခါဝမ်ရိပေါ်လက်လျော့လိုက်ရ၍ကျန့် အာ​၏ကျောပြင်လေးကိုအနောက်ကနေဖွဖွလေးရင်ခွင်ထဲဖက်ထားလိုက်​၏။စားပွဲခုံစောင်းကိုကိုင်ထားသည့်ကျန့်အာ​၏လက်လေးများကိုပါအပေါ်ကနေအုပ်ကိုင်လိုက်ပြီး...

"တောင်းပန်ပါတယ် ကျန့်အာ...ကိုယ်တော် တောင်းပန်ပါတယ်...မတည်နိုင်တဲ့ကတိကိုမဆင်မခြင်ပေးခဲ့မိတာ ကိုယ်တော့်ရဲ့အမှားပါ..."

ချော့မော့နေသည့်ဝမ်ရိပေါ်​၏စကားလုံးများအောက် မှာကျန့်အာပိုတိုး၍သာငိုသည်။ရှိုက်သံသေးသေးလေးတွေသည်လည်းရပ်တန့်သွားခြင်းမရှိဘဲ တစ်စထက် တစ်စထင်ရှားလို့လာ​၏။ဝမ်ရိပေါ်ကလည်းတက်တော့မတက် တသိမ့်သိမ့်ဖြစ်နေသည့်ကိုယ်လေးကိုပို၍ကျစ်နေအောင်ဖက်ထားသည်။

တောင်းပန်သည့်စကားများဖြင့်ခွင့်လွှတ်ပေးဖို့အဆက်မပြတ်တောင်းဆိုနေရင်းကျန့်အာ​၏ကိုယ်လေးတဖြည်းဖြည်းငြိမ်ကျလို့လာ​၏။ငိုလိုက်ရတာအလွန်တရာ ပင်ပန်းသွား၍ထင်သည်။မျက်နှာလေးတစ်ခုလုံးမျက်ရည်စက်များဖြင့်စိုစိစိလေးဖြစ်နေသလို၊ လည်ဂုတ်လေးနှင့်နားထင်စပ်လေးများတွင်လည်း ချွေးစလေးများဖြင့်အေးစက်စက်ဖြစ်လို့နေ​၏။

ကျန့်အာက ငယ်စဉ်ကတည်းကငိုကြောမရှည်သည့်ကလေးတစ်ယောက်ဖြစ်၍ မကြာမီမှာပဲရှိုက်သံလေးများလည်း တိုးညှင်းကျဆင်းလာ၍ မရှိုက်နိုင်တော့သည့် အဆုံး ဝမ်ရိပေါ်​၏ရင်ခွင်ထဲ၌အခွေလိုက်လေးဖြစ် သွားတော့သည်။

ဝမ်ရိပေါ်တစ်ယောက်သူ့ရင်ခွင်ထဲငြိမ်ငြိမ်လေးပြိုလဲနေသည့်ကိုယ်လေးကိုငုံ့ကြည့်လိုက်သည်။ငိုထားသည့်အရှိန်ကြောင့် နှာခေါင်းလေးတွေနီရဲလို့နေကာ၊ ကုန်းပေါ်ရောက်နေသည့်ငါးလေးများကဲ့သို့ ပါးစပ် လေးဟစိ ဟစိဖြစ်နေသည်ကိုမြင်တော့ ရေယူပေးရန် ခန္ဓာကိုယ်လေးကိုအသာဖယ်ဖို့လုပ်လိုက်လျှင်ပဲ...

My Little ConsortWhere stories live. Discover now