အပိုင်း(၈) Unicode

2.3K 210 23
                                    

စာသင်နှစ်တစ်ဝက်ကျိုးလာသည့်အခါ စာသင်သားများအဖို့ အားလပ်ရက်ရှည်ရကြသည်။ကျောင်းအိပ်ကျောင်းစားလုပ်သူများအဖို့မိမိတို့နေရပ်ကိုပြန်ကြပြီး ထိုသူများထဲမှဝမ်ရိပေါ်လည်းတစ်ဦးအပါအဝင်ဖြစ်သည်။

နန်းတွင်းရှိသူ့ခမည်းတော်နှင့်မယ်တော်ကိုမျက် နှာပြန်ပြရဦးမည့်ဝမ်ရိပေါ်ကလုံခြုံရေးအင်အားအပြည့်အစုံဝန်းရံထားသည့်ဝေါယာဉ်ဘေးတွင်မတ်တပ်ရပ်ကာအဆင်သင့်ဖြစ်နေ​၏။သို့သော်တစ်ဦးတည်းတော့မဟုတ်။

"သခင်လေး သခင်လေး...ကျန့်အာတို့ ဒီဝေါယာဉ် လေးစီးပြီး သခင်လေးအိမ်သွားကြမှာလား...ဟုတ် လား..."

သူ့လက်ဖဝါးကိုလက်လေးတစ်ဖက်နဲ့ဆုပ်ကိုင်လှုပ်ရမ်းပြီးမေးနေသည့်ကျန့်အာကိုဝမ်ရိပေါ်ပြုံး၍ခေါင်းညိတ်ပြလိုက်သည်။ထိုအခါ ကျန့်အာကသူ့လက်လေးနှစ်ဖက်ကို အပေါ်မြှောက်၍ဝမ်ရိပေါ်ရှေ့ဆန့်တန်းသည်။ဆိုလိုချင်တာကသူ့ကိုချီတင်ပါဆိုသည့်သဘော။ဒါကိုနားလည်သည့်ဝမ်ရိပေါ်ကလည်း ကျန့်အာကိုစွေ့ကနဲချီပြီး ဝေါယာဉ်ပေါ်တင်လိုက်သည်။ပြီးလျှင်သူပါလိုက်တက်၍ ရှောင်းမိသားစုကိုနှုတ်ဆက်ကာ ရှောင်းအိမ်တော်ဝန်းထဲမှထွက်သွား​၏။

ကိုယ်ရံတော်များဝန်းရံကာထွက်သွားသည့်ဝေါယာဉ်ငယ်ကို ရှောင်းအမတ်ကြီးကြည့်ကာသက်ပြင်းငွေ့ငွေ့ချသည်။ကျန့်အာကို နန်းတွင်းထဲအလည်ခေါ်သွားမည် ဟု အိမ်ရှေ့စံလေးပြောခဲ့တုန်းကသူဟန့်တားချင်ခဲ့သည်။

ဟန့်တားလို့မရမှန်းသိသည်ကြောင့်သူနှုတ်ဆိတ်နေခဲ့ပြီး၊ အကယ်၍ကျန့်အာနန်းတွင်းထဲလိုက်လည်မည်ဆိုပါက သူကိုယ်တိုင် ရှောင်းအိမ်တော်ဘက်ကအစီအစဉ်ဖြင့်လိုက်ပို့မည်ဟုပြောခဲ့သော်လည်း အိမ်ရှေ့စံလေးက ဝေါယာဉ်နဲ့တစ်ခါတည်းခေါ်သွားဖို့စိတ်အားထက်သန်နေခဲ့တာဖြစ်​၏။

ဒီတစ်ခါနဲ့ဆိုနန်းတွင်းနဲ့ပတ်သက်နေသည်မှာသုံးခါမြောက်ရှိပြီဖြစ်သည်။ပထမတစ်ခေါက်က ကျန့်အာနေမကောင်းတုန်းက နန်းတွင်းသမားတော်ကိုပင့်သည်။ဒုတိယတစ်ခေါက်က ကျန့်အာပျောက်သွားတဲ့အချိန်မှာ နန်းတွင်းစစ်တပ်ကိုအသုံးပြုသည်။အခုတတိယအနေနဲ့ နန်းတွင်းထဲကိုဝေါယာဉ်နဲ့အလည်ခေါ်သွားသည်။

My Little ConsortWhere stories live. Discover now