"ဟိတ်..."
ဂျုံအရုပ်လေးတွေလုပ်ပြနေသည်ကိုငုတ်တုတ်လေးထိုင်ပြီးကြည့်နေသည့်ကျန့်အာကအနောက်နားဆီမှခေါ်သံကြောင့်လှည့်ကြည့်လိုက်သည်။ထိုအခါဈေးအနောက်ဘက်လမ်းအကွယ်၌ သဘောကောင်းဟန်ရှိသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ကိုတွေ့၏။
ထိုလူကြီးက ကျန့်အာကိုသူ့လက်ထဲကအရုပ်လေးတစ်ခုကိုပြပြီးလက်ယပ်ခေါ်သည်။ကျန့်အာကမလို ချင်ကြောင်းခေါင်းလေးခါပြလိုက်သည့်အခါထိုလူကြီးကသူ့ဝတ်ရုံအိတ်ထဲမှ နီနီရဲရဲအသီးထုတ်ထိုးလေးကိုထောင်ပြလိုက်၏။ကျန့်အာ၏မျက်လုံးလေးများဝိုင်းစက်လို့သွား၏။ငုတ်တုတ်ထိုင်နေရာမှမုန့်ကိုင်ထားသည့် လူကြီးရှိရာသို့ပြေးသွားလိုက်သည်။
"မုန့်မုန့်လာယူလေ လာ..."
အသီးတုတ်ထိုးကိုစိတ်ဝင်စားဟန်ပြနေသည့်ကျန့်အာကို ထိုလူကြီးကချက်ချင်းမပေးသေးဘဲ အနောက်ကိုတဖြည်းဖြည်းဆုတ်၍ မြားခေါ်သွားကာ လူပြတ်သွားသည့်နေရာတွင် တုတ်ထိုးလေးကိုလက်ထဲထည့်ပေးလိုက်သည်။ကျန့်အာကမုန့်ကိုယူပြီးကိုက်ဖို့ပြင်လိုက်သည့်အခါမှာတော့ ထိုလူကြီးကယူလာသည့်အဝတ်စဖြင့်ကျန့်အာ၏နှာခေါင်းလေးကိုအုပ်ပြီး ကျန့်အာကိုယ်လေးပျော့ခွေကျသွားသည့်အခါအသာလေးပွေ့ချီသွားတော့၏။
မသိပါကသူ၏ရင်သွေးကဲ့သို့ကျန့်အာကိုပွေ့လာသည့်လူကြီးက အသင့်ပြင်ထားသောမြင်းပေါ်တက်ကာမြို့တော်နှင့်အင်မတန်ဝေးကွာလွန်းသောနေရာမှာရှိသည့်ဆိပ်ကမ်းဒေသဘက်သို့ဦးတည်သွား၏။သတ်မှတ်ထားသည့်နေရာရောက်သည့်အခါထိုလူကြီးကမေ့ဆေးအရှိန်နဲ့အိပ်မောကျနေသောကျန့်အာကိုပါချီချလာ၍ အိမ်ကြီးတစ်ခုထဲဝင်သွားလိုက်၏။ပြီးလျှင်ထိုအိမ်ကြီး၏မြေအောက်ထပ်လိုနေရာမှာဖန်တီးထားသည့် အခန်းငယ်ထဲက ကြမ်းပြင်ပေါ်တွင်ကျန့်အာကိုချထားလိုက်သည်။
ထိုအခန်းထဲတွင်ကျန့်အာတစ်ဦးတည်းရှိနေခြင်းမဟုတ်။ကျန့်အာကဲ့သို့မေ့ဆေးအရှိန်ဖြင့်အိပ်မောကျနေကြသော နောက်ထပ်ကလေး ၉ ယောက်လည်းရှိနေတာဖြစ်၏။ မကြာခင်ထိုအခန်းထဲသို့ နောက်ထပ်လူသုံးယောက်ရောက်လာပြီး ခေါင်းဆောင်ဖြစ်ဟန်ရှိသည့်လူက...