ဇေးလက်ာထွန်း လူတစ်ယောက်ကို သဘောကျနေမိသည်။
သိပ်ကိုလှပသည့်မိန်းခလေးတစ်ယောက်။
သူမကိုသတိထားမိသည်မှာ ဆယ်တန်းကျောင်းစတက်ထဲကဖြစ်သည်။နောက်နေ့တွေမှာ စကားပြောပြီးသူငယ်ချင်းဖြစ်စေခဲ့သည်။
အချိန်တွေကြာလာသည်နဲ့အမျှ သူမအပေါ်ထားသော သံယောဇဥ်တို့သည် မေတ္တာအဖြစ်ပြောင်းလဲကုန်သည်။သို့သော် ဇေးလက်ာကံမကောင်းနိုင်ခဲ့ပါပေ။
သူမသည် ဇေးလက်ညအားငြင်းပယ်ခဲ့ပါ၏။
ငြင်းပယ်ခဲ့သော်လည်း ကိစ္စမရှိ။တစ်နေ့နေ့တော့ ချစ်၍ချစ်ငြားဆိုသည့်မျှော်လင့်ချက်နဲ့ သူမကိုစောင့်ဆိုင်းနေခဲ့သည်မှာ ဆေးကျောင်းပြီး၍ အလုပ်စဝင်သည်အထိပင်။
သို့သော် သူမသည် ဇေးလက်ာကိုမချစ်ခဲ့။
မကြာ။
သူမ၏မဂ်လာသတင်းကိုကြားလိုက်ရသည်။
အခြေအနေအရလက်ထပ်သွားသည်ဆိုဘဲ။
ဇေးလက်ာ သူမတို့မဂ်လာပွဲကိုသွားကာဂုဏ်ပြုပေးခဲ့သည်။
အများကြီးချစ်သော်လည်း လက်လွှတ်ပေးခဲ့ရသည်။ကိုယ်က သူနဲ့မှမထိုက်တန်ဘဲလေ။
သူမမဂ်လာပွဲမှပြန်ပြီး အိမ်ရှေ့ဧည့်ခန်းတွင်ခေါင်းငိုက်စိုက်ချကာ ငုတ်တုတ်ထိုင်နေမိသည်။
ကိုယ်ဘာများမှားခဲ့လဲ သံသာ။
ကိုယ်က ဘာကြောင့်အချစ်မခံရတာလဲ။မျက်ရည်များကျဆင်းလာသည်ကို ဇေးသိပါသည်။
သို့သော် ကျွန်တော် မသုတ်မိ။ဇေးလက်ာထွန်းရင်ဘတ်ထဲတွင်ရှိသောအပူများသည် ထိုမျက်ရည်များဖြင့်သာ ပါသွားစေချင်သည်။
ထိုစဥ် အဖွား၏တရားသံသဲ့သဲ့သည် ဇေးလက်ာနားထဲသို့ ရောက်ရှိလာ၏။ချစ်နှစ်သက်သောသူနှင့်ကွေကွင်းရသော ဒုက္ခ။
မချစ်မနှစ်သက်သူနဲ့ပေါင်းသင်းရသောဒုက္ခ။
တရားစာကအရှည်ကြီးဖြစ်သော်လည်း နားထဲတွင် ထိုနှစ်ကြောင်းကသာ ပဲ့တင်ထပ်၍နေလေသည်။
ထိုသို့ဖြစ်နေသည့်ဇေးလက်ာကို အဖွားကမြင်လေတော့ အနားကိုရောက်လာကာ နှစ်သိမ့်ပေးသည်။"ဘာဖြစ်လို့လဲ မြေး"
"ဘာမှမဖြစ်ပါဘူး အဖွား"
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....