အပိုင်း ၃

976 25 0
                                    

တစ်ရေးမှမအိပ်လိုက်ရဘဲ မိုးစင်စင်လင်းသွားသည်။
မအိပ်လိုက်ပေမယ့် မျက်နှာသစ်နေကျမို့ မျက်နှာသစ် ရေမိုးချိုးလိုက်သည်။
ရေချိူးခန်းထဲမှ ထွက်ပြီးသည်နဲ့ မှန်ရှေ့တွင်ထိုင်ကာ ခါးထိရှည်သော ဆံပင်များကိုရှင်းလင်းသည်။
ထို့နောက် ခေါင်းစီးကြိုးအနက်ရောင်ဖြင့် မမြင့်တမြင့်လေးကို ရိုးရိုးရှင်းရှင်းသာ စီးနှောင်လိုက်သည်။
ထို့နောက် သင့်တော်မည်ထင်သည့် ဘောင်းဘီရှည်မကြပ်မပွလေးအညိုရောင်ကို အကျီဆင်စွယ်ရောင်ခါးတင်လေးဖြင့် တွဲဝတ်ကာ ပေါင်လယ်လောက်အထိရှည်သည့် ကုတ်အကျီအညိုရောင်လေးကို အပေါ်မှထပ်လိုက်သည်။
ထို့နောက် ဂျူတီကုတ်ကိုခေါက်လိုက်ပြီး ခရီးအိတ်ထဲသို့ထည့်လိုက်သည်။
ဂျူတီကုတ်မို့အစွန်းအထင်းခံလို့မရပေ။
ရူးဖိနပ်အဖြူရောင်ကို  လက်မှကိုင်ခဲ့လိုက်ပြီး ကျန်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်ကိုမကာ အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

အောက်သို့ရောက်သည်နဲ့ ခရီးအိတ်ကို ဧည့်ခန်းတစ်နေရာတွင်ထားကာ ဖိနပ်ကို ဖိနပ်စင်ပေါ်သို့တင်ထားခဲ့ပြီးမှ အထဲသို့ပြန်ဝင်ခဲ့သည်။
ထို့နောက် လက်ကိုဆပ်ပြာဖြင့်သေချာဆေးကာ ထမင်းစားခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

"မြေး ဒီနေ့သွားစရာရှိတာလား"

အဖွားမေးမှဘဲ အဖွားကိုပြောပြဖို့သတိရတော့သည်။

"၅ရက်လောက်တော့နေရမယ်ထင်တယ် ဖွား ၊ ငလျင်သင့်ပြည်သူတွေအတွက် လုပ်အားပေးသွားကြရမှာလေ"

"သြော် အေးအေး ကုသိုလ်ရတာပေါ့ကွယ် ၊ ဂရုစိုက်နော် မြေး"

"ဟုတ်ကဲ့ ဖွား"

"မြေးကိုကိုရောမလာသေးဘူးလား"

ရုတ်တရက်မေးလာသော အဖွားရင်၏စကားများကို ဆောင်းဦး နားမလည်ပါ။
'ဘယ်က ကိုကိုတွေကိုမေးနေတာလဲ'

ဆောင်းဦးမှာလည်း အကိုမရှိပါဘူးဟုတွေးနေမိသည်။

"မြေးငယ်ရယ် မြေးငယ်ယောကျ်ားဖြစ်လာမယ့်သူကိုမေးနေတာကွဲ့"

အဖွားရှင်းပြတော့မှပိုဆိုးသွားသည်။
ဆောင်းဦး မျက်နှာနီနီဖြင့်သာ အဖွားစကားကိုပြန်ဖြေလိုက်သည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now