အပိုင်း ၁၇

666 24 0
                                    

အိမ်ကိုရောက်တော့ ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး ငေးမောနေမိသည်။အကိုက အဖော်ပြုပေးမယ်ဟုဆိုလာသော်လည်း တစ်ယောက်တည်းသာနေချင်သည့်စိတ်ဖြစ်ပေါ်နေ၍ အကို့ကိုနှင်ထုတ်မိသည်။

အခန်းထဲလှဲနေမည်ဟု ကြံရွယ်ကာ အခန်းရှိရာတက်ခဲ့လိုက်ပြီး အခန်းတံခါးကိုအသာဆွဲဖွင့်လိုက်တော့ အခန်းထဲတွင် အကိုရှိနေနှင့်ပြန်သည်။အကို့ကိုသေချာကြည့်ကာ အခန်းထဲဝင်ရန်ခြေလှမ်း စလှမ်းလိုက်ပေမယ့် အကိုငိုသံများကိုကြားလိုက်ရသည်မို့ ကြွထားသော ခြေထောက်က နေရာတွင်ပြန်ကျသွားသည်။

သေချာအာရုံစိုက်ကာကြည့်မိတော့ အကို့လက်ထဲတွင် စံပယ်အခြောက်ကလေးတစ်ကုံး။
ထိုအရာလေးကို လက်ဖဝါးပေါ်တွင် နုနုရွရွတင်ထားကာ မြတ်နိုးခြင်းများစွာဖြင့် မျည်ရည်တွေပြည့်နှက်နေသောမျက်လုံးတွေနဲ့ မျက်တောင်မခတ်တမ်း ရှိုက်ငိုရင်းကြည့်နေခဲ့သည်။

အကို ကျွန်တော့်ကိုမမြင်ရဘူးလား။
ကျွန်တော် ဒီမှာရပ်နေတယ်လေ။
အကိုနဲ့ ခြေလှမ်း ၅လှမ်းလောက်ဘဲကွာတာပါ။
ဒီလောက်နီးနီးလေးကို ဘာလို့ကျွန်တော်မမြင်ရတာလဲ။
အကိုက အဲ့အမျိုးသမီးကို အဲ့ဒီလောက်တောင်ချစ်တာလား။
ရပ်နေတဲ့လူတစ်ယောက်လုံးကိုတောင်မမြင်နိုင်တဲ့အထိလေ။

'အကို့လက်ပေါ်က ပန်းခြောက်တွေကို မြတ်နိုးခြင်းများစွာနဲ့ကြည့်နေသရွေ့ အကို ကျွန်တော့်ကိုဘယ်တော့မှမြင်နိုင်မှာမဟုတ်ဘူး၊ကျွန်တော့်အချစ်တွေကိုရောပေါ့'

တံခါးကိုအသာစေ့ပိတ်ကာ ခြေသံခွပ်ဖွဖွနင်းပြီး အောက်ထပ်သို့ပြန်ဆင်းလာခဲ့လိုက်သည်။နောက်ပြီး ခြံဝန်းထဲသို့ဆင်းလာခဲ့ကာ ဒါန်းပေါ်လေးတွင် အသာထိုင်မိသည်။
ခရေပငဆီအကြည့်ရောက်သွားတော့ ခရပင်အောက်တွင် ခရေပန်းများက အဖွေးသားပြန့်ကျဲနေသည်။

ဒါန်းပေါ်မှ ထရပ်လိုက်ကာ ခရေပင်ရှိရာသို့သွားလိုက်သည်။နောက်ပြီး မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ချလိုက်ကာ ခရေပွင့်လေး ၄ပွင့်၅ပွင့်လောက် ကောက်ယူကာ လက်ဖဝါးထဲတွင် ထည့်ယူခဲ့ကာ ဒါန်းပေါ်တွင်ပြန်ထိုင်လိုက်သည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now