အပိုင်း ၁၂

615 23 0
                                    

"နေ့လည်စာသုံးဆောင်လို့ရပါပြီ"

ဆောင်းဦး ဟင်းပန်းကန်များကို စားပွဲပေါ်သို့တင်ရင်း အကုန်လုံးကြားအောင်အော်ပြောလိုက်သည်။
ဆောင်းဦးအော်သံကြားရထင်သည်။
အကုန်လုံးက အခန်းထဲမှထွက်လာကြသည်။
အခန်းတွင်းမှထွက်လာသော အဖွားနှစ်ယောက်ကို ပြေးကူတွဲရင်း ထမင်းစာပွဲသို့ ဝင်ထိုင်စေသည်။

"ဟင်းတွေကတော့မွှေးကြိုင်နေတာဘဲ သရေတောင်ကျလာပြီ"

မြှောက်ပင့်ပြီးပြောဆိုလာသောအဖွားကြောင့် ဆောင်းဦး ပြုံးလိုက်ပြီး

"အကို ကျွန်တော့်ကိုဆွဲထားပါအုံး ကျွန်တော်လေထဲမြောက်တက်သွားတော့မယ်"

ဆောင်းဦး စကားသံအဆုံး ထမင်းစားပွဲရှိလူများက ဝါးခနဲရယ်ကြသည်။
အဖွားချိုက အဖွားရင်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး

"မြေးအဖွားနှစ်ယောက်ထဲရှိပြီး ခြောက်ကပ်နေတဲ့ဘဝထဲကိုဝင်လာခဲ့ပြီး စိုပြေအောင်လုပ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ရင်ရယ်"

ကြင်နာသောမျက်ဝန်းများဖြင့်ကျေးဇူးတင်စကားဆိုသော အဖွားချိုကိုကြည့်ပြီး ဆောင်းဦး အံ့သြောရပါသည်။
အဖိုးဆုံးခဲ့စဥ်က အဖွားသည်မျက်ရည်တစ်စက်ကလေးမှမကျခဲ့ဘဲ ယခုကျမှမျက်ရည်ခပ်ဝဲဝဲဖြင့်ပြောနေသည်ကို ဆောင်းဦး နားမလည်နိုင်ပါ။

လက်ာ အဖွားနှစ်ယောက်ဆုပ်ကိုင်ထားသောလက်ကိုကြည့်ပြီး မရိုးရှင်းသောဆက်နွှယ်မှုတစ်ခုရှိနေသည်ဟု ခံစားနေရသည်။

"အဖွား အဖွားတို့နှစ်ယောက်က အရင်က ပတ်သတ်မှုတွေရှိခဲ့သေးတာလားဟင် သူငယ်ချင်းအသိမိတ်ဆွေထက်ပိုနေသလိုဘဲ"

ဆောင်းဦး ယောင်နနဖြင့်ပြောလိုက်တော့ အဖွားနှစ်ယောက်ကပြုံးသည်။

"ပြောပြလိုက်သင့်တယ်လို့ ထင်လား ရင်"

အဖွားချိုကမေးတော့ အဖွားရင်က ခေါင်းညိတ်ထောက်ခံလာသည်။

"မင်းတို့ယောကျ်ားလေးတွေမှန်းသိရက်နဲ့ ဘာလို့ပေးစားဖို့စီစဥ်လဲ သိလား"

"ဒါက ကျွန်တော့်မှာ သားအိမ်ပါနေလို့လေ..."

အဖွားက ဆောင်းဦးအဖြေကို ခေါင်းခါသည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now