ဒါက ဆောင်းဦးဆံပင်ရှည်စဥ်ထဲက ရှက်သည့်အခါမျိုးတွင် ဆံပင်မကျသော်လည်း နားကြားထဲသို့ထိုးထည့်တတ်သည့်အကျင့်ရှိသည်။
ထို့အကျင့်ကဖျောက်မရဘဲ ဆံပင်တိုသည်အထိတိုင်အောင် ဘာဆံပင်မှမရှိပါသော်လည်း နားကြားထဲသို့ထိုးထည့်နေတတ်သည်။"အငယ် မင်းအသံအရမ်းကောင်းတာဘဲ ချိုပြီးအေးမြနေတာဘဲ ဘယ်လိုခေါ်မလဲ ရေခဲမုန့်စားလိုက်ရသလိုမျိုး"
အကိုကချီးကျူးတော့ ဆောင်းဦး ပို၍အရှက်သဲရပါသည်။
"အဟင်း"
ရယ်ပြရုံသာလွဲ၍ဘာမှမတတ်နိုင်ပါ။
ဇေးလက်ာ အရှက်ပြေရယ်ပြနေသောထိုကောင်လေးခါးကို ပြန်လည်ဖက်တွယ်လိုက်ရင်း....
"ကိုယ့်ကို နောက်တစ်ခေါက်ဆိုပြပါလားဟင်"
အသံချိုချိုကလေးပိုင်ရှင်ထံသို့ သံစဥ်ချိုချိုထုတ်လွှတ်ပေးဖို့ရာ ထပ်မံတောင်းဆိုမိသည်။
"နော်.."
"အကို အကို့သူငယ်ချင်းတွေဝိုင်းကြည့်နေပြီ"
"ကြည့်ပစေကွာ ဘာဖြစ်လဲ ထပ်ဆိုပြအုံးနော်"
"အကို ကျွန်တော်ရှက်တယ်"
"မရှက်ပါနဲ့ ကိုယ့်ထပ်ကြားချင်လို့ပါကွာ နော်..."
ဆောင်းဦးအဖြစ်သည် ကျားကြောက်၍ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးထဲကလိုအခြေအနေဖြစ်နေသည်။
"နောက်မှနော်.."
ဆောင်းဦး ပြောသည်ကိုလက်မခံဘဲ ခေါင်းကိုခါရမ်းနေသည်။
အကို ထိုအရာကိုမေ့သွားအောင်ဘယ်လိုလုပ်ရပါ့မလဲဟု တွေးနေမိသည်။ထိုအချိန်တွင်....
"ဟေ့ကောင် ငထွန်း မင်းအတော်ဖြစ်နေပါ့လားကွ ဟမ် ဒီကိုလာပြီး မိတ်ဆက်ပေးအုံးလေကွာ မင်းကလည်း"
အနောက်ဘက်ရှိဝိုင်းမှ သူရ၏အော်သံကြားလိုက်ရသည်မို့ ဇေးလက်ာထွန်းစိတ်ပျက်သွားရသည်။
"အရေးအကြောင်းဆို မင်းတို့ကဒိန်းဒေါင်းဖျက်ပြီ"
ဇေးလက်ာစိတ်ပျက်လက်ပျက်ဖြင့် အငယ့်ခါးအားဖက်ထားသည်ကို လွှတ်ပြီး အငယ့်လက်ကိုဆွဲကာ သူရရှိရာဝိုင်းသို့သွားလိုက်သည်။
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....