"ငါ ဒီမှာ နေအုံးမှာနော် မြတ်ပိုင် အိမ်ကိုမပြန်သေးဘူး"
စူပုတ်ပုတ်ဖြင့်ကလေးလေးသဖွယ်ပြောလာသော ငယ်ငယ်ကြောင့် မြတ်ပိုင်စိတ်လိုလက်ရပြုံးမိပြန်သည်။
"စိတ်ကြိုက်နေပါဗျာ သခင်လေးအလိုကျပါဘဲ"
မြတ်ပိုင်စနောက်လိုက်တော့ ညှိုးငယ်နေသောငယ်ငယ်က တစ်ဖန်ပြုံးလာခဲ့ပြန်သည်။
အခုလိုဘဲနေပေးပါ ငယ်ငယ်။
ပြုံးပြုံးလေးသာနေပေးပါ။
မင်းမျက်နှာက အပြုံးတွေနဲ့ပိုပြီးတော့လိုက်ဖက်တယ်။
များများပြုံးပေးပါ ငယ်ငယ်။"ဘာစားချင်လဲ ငယ်ငယ်"
ဘာစားချင်လဲ မေးလိုက်တော့ ထုံးစံအတိုင်း ခေါင်းလေးစောင်းကာ မေးလေးကိုလက်ညှိုးလေးနဲ့ပွတ်ရင်းစဥ်းစားနေပြန်သည်။
ပြီးတော့မှ"အာလူးကြော်ထုတ်နဲ့ အချိုရည်ဘူးယူခဲ့ပေး ရေခဲစိမ်ပြီးသားနော်"
"ငယ်ငယ် မင်းကကိုယ်ဝန်ကြီးနဲ့လေကွာ ရေခဲစိမ်တော့မသောက်ပါနဲ့"
ကလေးထိခိုက်မည်စိုး၍ ပြောသော်လည်း ငယ်ငယ်က ခေါင်းခါမြဲ။
"ဟင့်အင်း မရဘူး ယူခဲ့ပေး"
မြတ်ပိုင် မီးဖိုခန်းထဲကိုသွားပြီးယူနေတုန်း ဆောင်းဦးခြံထောင့်တွင်ရှိသည့် သရက်ပင်မှ သရက်သီးများမြင်လိုက်သည်မို့ ယောင်လည်ယောင်နဲ့သရက်ပင်အနားရောက်လာရသည်။
သရက်ပင်သည် အရမ်းကြီးမမြင့်ပါသော်လည်း ကိုယ်ဝန်နဲ့မို့ တက်ဖို့ခဲယဥ်းပြန်သည်။သရက်သီးကိုဘယ်လိုရအောင်ကောက်ရမလဲဟု စဥ်းစားနေစဥ်မှာဘဲ မြတ်ပိုင်ရောက်လာခဲ့သည်။"ငယ်ငယ် ဒီကိုဘာလာလုပ်တာလဲ ငါ စားစရာယူပြီးပြန်တော့ မင်းကိုမတွေ့လို့ရှာနေတာ"
"အင်း ငါ သရက်သီးလှမ်းမြင်လိုက်လို့ သရက်သီးစားချင်လို့"
သရက်သီးရှိရာကိုမော့ကြည့်ရင်း ပြောလာတော့ မြတ်ပိုင် သရက်ပင်ပေါ်သို့တက်ရန်ပြင်လိုက်သည်။
"မြတ်ပိုင် ဘာလုပ်ဖို့လဲ"
"မင်း သရက်သီးစားချင်တယ်ဆိုလို့ ကိုယ်တက်ကောက်ပေးမလို့လေ"
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....