အပိုင်း ၁၁

794 24 0
                                    

အိပ်ရေးဝအောင်မအိပ်ခဲ့ရသည့်အတွက် မျက်လုံးများ ကျိန်းစပ်နေသည်။
မထချင်သေးပေမယ့်လည်း ဒီနေ့က နယ်ကိုပြန်မယ့်နေဖြစ်တာကြောင့် ဆောင်းဦး ထလိုက်ရသည်။

မျက်နှာသစ် ရေမိုးချိုးကာ အောက်ထပ်သို့ဆင်းပြီး မနက်စာပြင်သည်။
အိမ်ကနေစောစောထွက်မှသာ လမ်းခရီးတွင်သက်တောင့်သက်သာဖြစ်လိမ့်မည်။

ဒါကြောင့် အပေါ်ထပ်ကိုတက်ကာ အကို့ကိုနှိုးသည်။

"အကို ထတော့ ကျွန်တော်တို့နေမပူခင်သွားမှဖြစ်မယ် ထတော့"

ဇေးလက်ာထွန်း အငယ့်နှိုးသံကြောင့် အိပ်ချင်မူးတူးဖြင့်ထပြီး ရေချိုးခန်းထဲဝင်လိုက်သည်။

ဆောင်းဦး အိပ်ချင်မူးတူးဖြင့် ရေချိုးခန်းထဲဝင်သွားသော အကို့အားကြည့်ပြီး အကိုဝတ်ဖို့ အဝတ်အစားတစ်ချို့ရွေးထုတ်ပေးခဲ့လိုက်သည်။
ထို့နောက် အောက်သို့ဆင်းကာ အဖွားနှစ်ယောက်၏ ဝေယာဝစ္စကို ပြုလုပ်ပေးသည်။
ထို့နောက် ထမင်းစားခန်းထဲသို့တွဲခေါ်ခဲ့တော့ အကိုက ထမင်းစားပွဲတွင် ရောက်နှင့်သည်မို့ နံနက်စာစားသောက်ကြသည်။

စားပြီးသောက်ပြီးသည်နဲ့ အထုတ်အပိုးများကို ကားတစ်စီးပေါ်သို့တင်ကာ တစ်စီးကိုတော့ လူချည်းသာစီးရန်ထုတ်ထားလိုက်သည်။
ဆောင်းဦး ကားမောင်းတတ်သော်လည်း အကိုက စိတ်မချ၍ကားမမောင်းခိုင်းသည်မို့ မောင်ပုကိုပစ္စည်းတင်ထားသည့်ကားအားမောင်းခိုင်းပြီ အကိုကတော့ ကျွန်တော်တို့စီးမည့်ကားကိုမောင်းခြင်းဖြစ်သည်။

အဖွားနှစ်ယောက်ကို ကားနောက်ခိုင်းတွင်ထိုင်စေသည်။
ဆောင်းဦးကတော့ အကို့ဘေးတွင်ဝင်ထိုင်လိုက်သည်။
ဆောင်းဦး အနောက်သို့လှည့်လိုက်ရင်း

"အဖွားရင်နဲ့အဖွားချို တစ်ခုခုမသက်သာတာမျိုးရှိရင် ကျွန်တော့်ကိုပြောနော်"

"အေးပါကွယ်"

ခရီးကသိပ်မဝေးသော်လည်း ကိုယ်ခံအားချို့တဲ့သော သက်ကြီးရွယ်အိုတွေမို့ စိုးရိမ်ရပါသည်။

"အကိုကလည်း ခပ်မှန်မှန်ဘဲမောင်းနော်"

"အင်းပါ အငယ် ကိုယ်သိပါတယ်"

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now