ငြင်းလည်းမရတော့ပါ။
ဘေးအိမ်နီးနားချင်းတွေကပါ လာကူကြသည်။
ဒါကြောင့် ကားအနားသို့ပြန်သွားကာ အားလုံးကိုခေါ်လိုက်သည်။
ဥက္ကဌပေးသည့်တန်းလျားကိုရောက်တော့ ဇေးလက်ာကဘဲ စည်းကမ်းချမှတ်လိုက်သည်။
ဆေးရုံအုပ်က ဇေးလက်ာနှင့်ဆောင်းဦးကိုတာဝန်ပေးလိုက်သည်မို့ ဘာမှမဖြစ်အောင်တာဝန်ယူပေးရမည်။
ဒါမှ ဆေးရုံနာမည်လည်းမပျက်သလို ဆရာဝန်တွေနာမည်မပျက်မှာဖြစ်သည်။"အားလုံးဘဲ ကျွန်တော်ပြောမယ့်စကားကိုနားထောင်ပေးကြပါအုံး ၊ အမျိုးသားတွေက အထက်မှာအိပ်ပြီးတော့ အမျိုးသမီးတွေက အောက်မှာအိပ်မယ် ၊
နောက်ပြီး အမျိုးသားနဲ့အမျိုးသမီးကြားမှာ မလိုလားအပ်တဲ့ကိစ္စတစ်ခုခုဖြစ်ပွားခဲ့ရင် ကိုယ့်တာဝန်ကိုယ်ယူရမယ် ၊ တစ်ခုခုမှားယွင်းကြတော့မယ်ဆိုရင် ဆေးရုံဂုဏ်သိက္ခာကိုကြည့်ပါ မင်းတို့ရဲ့ဆရာဝန်ဂုဏ်သိက္ခာကိုကြည့်ဖို့ပြောချင်ပါတယ် ၊ ကျွန်တော်ပြောချင်တာကို နားလည်ရဲ့လားမသိဘူး""နားလည်ပါတယ်"
"ဟုတ်ပြီ ဒါဆို အားလုံးအနားယူလို့ရပါပြီ"
သူ့နေရာကိုယ့်နေရာယူကာ အိပ်စက်အနားယူကြသည်။
အိပ်မပျော်နိုင်သည်က ဆောင်းဦးတစ်ယောက်သာ အိပ်မပျော်ဖြစ်နေတာအတော်လေးကိုကြာနေပြီဖြစ်သည်။
ဒါကြောင့် ဆောင်းဦးကြမ်းပြင်တွင်ထိုင်ကာ ကောင်းကင်သို့ငေးမောနေလိုက်သည်။ဇေးလက်ာအိပ်မပျော်၍ ထထိုင်လိုက်တော့ ဆောင်းဦးထိုင်နေတာကိုတွေ့လိုက်ရသည်။
ဒါကြောင့် ဆောင်းဦး အနားသွားကာ ထိုင်လိုက်သည်။"မင်းအိပ်မပျော်တာလား"
အနားရောက်လာသော ကိုဇေးလက်ာထွန်းကို ကြည့်ပြီးဖြေလိုက်သည်။
"အင်း "
"ဒီနေ့ လသာတယ်နော်"
ဆောင်းဦး ကောင်းကင်ကိုမော့ကြည့်ပြီးဖြေလိုက်သည်။
"အင်း ဟုတ်တယ် "
ဇေးလက်ာ ဆောင်းဦးကို စကားပြောချင်ပေမယ့် ဘာပြောရမယ်မှန်းမသိပေ။
ဒါကြောင့် သူအိပ်မပျော်တာကိုသတိရသွား၍ မေးလိုက်သည်။
အိပ်၍မပျော်ဖြစ်သည်ဆိုတာက ကောင်းသည့်အရာမှမဟုတ်ဘဲ။
![](https://img.wattpad.com/cover/353418579-288-k638263.jpg)
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....