နားမလည်နိုင်သောမျက်လုံးလေးများဖြင့် မော့ကြည့်နေသော သူမ...မဟုတ်သေးဘူး။
ထိုကောင်လေးကို ဇေးလက်ာ အနားသို့ကပ်လိုက်ပြီး ကောင်လေး၏နှုတ်ခမ်းကို ငြင်သာစွာ ထိရုံမျှ နမ်းရှိုက်လိုက်သည်။ပြွတ်စ်
ထိုကောင်လေးသည် အံံ့သြောလွန်း၍ ရုန်းရန်မေ့နေသည့်ဟန်ဖြင့် သူ့ကိုမော့ကြည့်နေသည်။
"ဟိတ်ကောင်လေး..."
"ဗျ...ဗျာ..!!"
ဆောင်းဦးငယ် အံ့သြောလွန်း၍ ဘာစကားမှပင်မဆိုနိုင်တော့။
"ကိုယ်တို့အမြန်ဆုံးလက်ထပ်ကြမယ်"
"ဗျာ"
ဆောင်းဦးငယ် တစ်ဗျာထဲဗျာနေရသည်။
'အကိုက နောက်နေတာလား'
"မင်းအခုလို မဝတ်စားချင်ဘဲ ယောကျ်ားလေးလိုနေချင်ရင်လည်း မင်းသဘောဘဲ ရတယ် ကိုယ်လက်ခံနိုင်တယ်"
"အဲ့လိုရလားဟင်"
"အင်း"
ဇေးလက်ာပြောလိုက်တော့ သူ့မျက်လုံးလေးတွေလက်သွားသည်ကို သတိထားမိသည်။
သူလည်း ဒုက္ခအတော်ခံရမှာဘဲ။
ပြီးတော့ ဇေးလက်ာ သူ့ကိုအမြန်ဆုံးလက်ထပ်ချင်သည်။
မသိစိတ်ထဲတွင် ဒီကောင်လေးက နေရာယူနေသည်။'ကိုယ့်မင်းကိုမေ့စေဖို့ ကူညီပေးမဲ့သူကို ကိုယ်တွေ့သွားပြီ သံသာ'
ဇေးလက်ာ အချစ်ဦးဖြစ်ခဲ့ဖူးသည့် မိန်းခလေးကို စိတ်ထဲမှပြောလိုက်သည်။
"ကိုယ် မင်းကို ဖက်လို့ရမလား"
"ဗျာ"
ဇေးလက်ာ ထိုကောင်လေးကိုပွေ့ဖက်လိုက်ပြီး ရင်ခွင်ထဲထည့်ထားမိသည်။
ထိုကောင်လေးကိုပိုင်ဆိုင်ချင်သည်။
ထိုကောင်လေးနဲ့ နေရက်တိုင်းကို ကောင်းမွန်စွာဖြတ်သန်းချင်သည်။ညဘက်အိပ်လျှင်ထိုကောင်လေးကို သေချာတစ်စိမ့်စိမ့်ကြည့်ပြီးမှအိပ်ချင်သလိုမနက်မိုးလင်းလျှင်လည်း ထိုကောင်လေးမျက်နှာကိုသာ ပထမဦးစွာမြင်ချင်သည်။
ဒါက ချစ်ခြင်းမေတ္တာရဲ့တစ်စိတ်တစ်ဒေသလား။
ထိုမေးခွန်း၏အဖြေကို ဇေးမသိပါ။
ကိုယ်နဲ့အတူအဖြေရှာကြည့်ကြရအောင် အငယ်။
![](https://img.wattpad.com/cover/353418579-288-k638263.jpg)
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....