၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ၊ ၂၃ရက်၊ ကြာသပတေးနေ့။
မောင်ဇေးလက်ာထွန်းနှင့် မောင်ဆောင်းဦးငယ်တို့ မဂ်လာထိန်းမြှားလက်ထပ်ပွဲ။ဒီနေ့က ကျွန်တော်နဲ့အကို၏တရားဝင်လက်ထပ်သည့်နေ့ဖြစ်သည်။
ဆောင်းဦး အိမ်အပေါ်ထပ်ကအခန်းလေးတစ်ခုတွင်ပြင်ဆင်နေရသည်။
မိတ်ကပ်လိမ်းသောအမများက မိတ်ကပ်ပါးပါးလူးပေးကာ weeding dressကိုဝတ်ဆင်ပြီးသည့်နောက်တွင်တော့ ဆောင်းဦး သူငယ်ချင်း မဆုက ဆောင်းဦးလက်ကိုတွဲကာအောက်သို့ခေါ်သွားပေးသည်။
အကို့အိမ်လှေကားနှစ်ခုမျက်နှာချင်ထားပြီး အလှပုံဖော်ထားတာမို့ ဆောင်းဦးအနောက်လှေကားကနေဆင်းလာခဲ့လိုက်သည်။
နောက်ပြီး ကားရှေ့တွင် ပန်းများစွာအလှဆင်ထားသောမဂ်လာကားပေါ်သို့ တက်ကာ weeding ကျင်းပမည့်နေရာသို့ရောက်လာခဲ့ရသည်။
ကားရပ်လိုက်သည့်နေရာမှစပြီး အနီရောင်ကော်ဇောများကိုခင်းကျင်းထားသည်။
ဆောင်းဦး ကားပေါ်မှဆင်းကာ မဆုလက်ပေါ် ဆောင်းဦးလက်အားထပ်ပြီး အနီရောင်ကောဇောခင်းထားသည့်အတိုင်းတောက်လျှောက်ဝင်ခဲ့လိုက်သည်။
အဝင်ဝကိုရောက်တော့ အဖွားက မဆုနေရာတွင်ဝင်ကာ ဆောင်းဦးလက်ကို သူ့လက်ပေါ်သို့ထပ်စေသည်။
နောက်ပြီး အကိုရပ်စောင့်နေသည့်နေရာသို့ အရောက်ပို့ပေးကာ ဆောင်းဦးလက်ကို အကို့လက်ထဲသို့ထည့်ပေးသည်။ထို့နောက် မဂ်လာအတိုင်ပင်ခံက စတင်ဦးဆောင်ကာ မေးမြန်းလာသည်။
"မဂ်လာသတို့သားနှစ်ဦးအဆင်သင့်ဖြစ်ပါပြီလား"
ဆောင်းဦးတို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး ပြန်ဖြေလိုက်သည်။
"ဖြစ်ပါပြီ"
ဆောင်းဦးတို့ဆီမှအဖြေသံကြားပြီးနောက် မဂ်လာအတိုင်ပင်ခံက စတင်ကျမ်းရွတ်ဖတ်ပါတော့သည်။
ကျမ်းရွတ်ဖတ်ပြီးသည့်နောက်မှာတော့"မောင်ဇေးလက်ာထွန်း အသင် မောင်ဆောင်းဦးငယ်အား အကြင်ဇနီးမယားအဖြစ်လက်ခံပါသလား"
"လက်ခံပါတယ်"
ဇေးလက်ာ အငယ့်ဘက်သို့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ကာ ပြောလိုက်သည်။
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....