extra 1

872 14 0
                                    

"အကို...အိပ်ရာထတော့လေ...ဆေးခန်းသွားရတော့မှာကို"

မနက်စာပြင်ဆင်ပြီးသည်အထိ သားအဖနှစ်ယောက်ကမထကြသေး။ဆေးရုံသွားရအည်မို့ အိပ်ရာထနောက်ကျလို့မဖြစ်။ထို့ကြောင့် ဆောင်းဦး နှိုးနေရခြင်းပင်။

"အင်း ထပြီ အငယ်"

အိပ်ရေးဆတ်သည့်အကိုက တစ်ခါနှိုးရုံနဲ့နိုးသွားသည်။အမှန်က ဆောင်းဦးအိပ်ရာထကထဲက နိုးနေတာဖြစ်ပါလိမ့်မည်။အိပ်ချင်သေး၍ ဆက်မှိန်းနေသည်ထင်၏။

သူ့ဖေကြီးထတော့ သားကလည်း မျက်လုံးကလေးပွတ်ကာ သန်းဝှားရင်း အကြောတွေဆန့်ကာ နိုးလာသည်။

"အင့် ဖေဖေ"

သားက နိုးနိုးချင်း ဆောင်းဦးအားမမြင်ရလျှင် ဂျီကျတတ်လေသည်။ထို့ကြောင့် ခေါက်လက်စအဝတ်များကို ပစ်ချခဲ့ပြီး သားအနားသို့သွားရသည်။

"ဖေဖေရှိတယ် သား ၊ ဖေ့သားလေးက အိပ်ရာနိုးတော့တာလား ဟင်"

ပြောရင်း ကောက်ပွေ့ကာပေါင်ပေါ်တင်လိုက်တော့ သားက သူ့ရင်ဘတ်ပေါ်မှီလာပြီး မျက်လုံးများကိုပွတ်သတ်နေပြန်သည်။

"မျက်လုံးတွေကို မပွတ်ရဘူးလေ သားရဲ့ ၊ ဖေဖေမျက်နှာသစ်ပေးမယ်နော်"

ပြောရင်း သားကိုချီကာ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ကာ ပုဝါအနုကလေးဖြင့် သုတ်ပေးလိုက်သည်။ထို့နောက် baby mindလူးပေးကာ အင်္ကျီလဲပေးလိုက်သည်။သားက ၂နှစ်ထဲရောက်နေပြီမို့ လမ်းအတော်လေးလျှောက်တတ်ကာ စကားတွေလည်းသေချာပြောတတ်နေပြီဖြစ်သည်။

အင်္ကျီလဲပေးပြီး ခုံအောက်ကိုချပေးလိုက်တော့ သားက ပိတ်ထားသောအခန်းတံခါးရှေ့သို့သွားပြီး လော့ကိုလှမ်းသည်။သို့သော် သားက ကလေးအရွယ်သာရှိသေးသည်မို့ တံခါးလော့ကိုမမှီ။

"ဖေဖေလာ..."

သူ့လက်နဲ့မမှီနိုင်မှန်းသိလေတော့ ဖခင်ကိုခေါ်ကာ အကူအညီတောင်းလေသည်။ဆောင်းဦးလည်း ထိုင်နေရာမှထကာ သားရှိရာသို့သွားလိုက်သည်။

"သားက အောက်ဆင်းတော့မလို့လား ၊ ဖေဖေတို့ကို မစောင့်တော့ဘူးလား"

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now