အပိုင်း ၃၀

842 21 1
                                    

ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ စုံစမ်းခိုင်းထားသည့် သူငယ်ချင်းပင်။

ဒါကြောင့် ဖုန်းကိုကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို"

"အေး ဘာထူးလဲ သူဘယ်သွားတာလဲ အငယ့်ကိုရော တွေ့ခဲ့လား"

"သူက သူ့အိမ်ကိုပြန်သွားတာ ဆောင်းဦးကိုတော့ မတွေ့ခဲ့ဘူး "

"ဒါဆို မသေချာဘူးပေါ့ ဘာတွေထူးခြားသေးလဲ"

"ဘာမှထူးခြားတာမရှိဘူး ပုံမှန်ဘဲ ဒါပေမယ့် ကလေးနို့မှုန့်တွေတော့ဝယ်သွားတယ်"

"ဘာ..!!sorry sorry ငါဖုန်းချလိုက်တော့မယ် ဆက်ပြီးစုံစမ်းပေးထားပါအုံး"

ထိုသို့ပြောပြီး ဖုန်းကိုချလိုက်သည်။နို့မှုန့်ဝယ်သွားတယ်ဆိုထဲက သိပ်မသေချာ။ဆောင်းဦးကို ဖွက်ထားနိုင်သည်။မနက်ဖြန်ကျရင် လမ်းကြုံလိုဝင်တဲ့ပုံစံနဲ့ မြတ်ပိုင်တို့အိမ်ကို ရောက်အောင်သွားရမည်ဟု တွေးနေရင်း ဆေးလိပ်များကို ဖွာရှိုက်လိုက်သည်။

မင်းမရှိတော့ထဲက ကိုယ်ဆေးလိပ်တွေသောက်နေမိတာ။

..........................

အိပ်မောကျနေသောကလေးငယ်ကိုငုံ့ကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။အမှန်ဆို မိသားစုအစုံအလင်နှင့် အပြည့်အစုံနေရမှာ။

ဖေဖေ့ရဲ့အတ္တတွေကြောင့်ပါ ကလေးငယ်။ဖေဖေသာ မင်းဖေကြီးခံစားချက်တွေကို မသိဟန်ဆောင်ဘဲ ဆက်နေခဲ့မယ်ဆိုရင် မင်းမိသားစုဘဝကိုပိုင်ဆိုင်ရမှာ။
ဒါပေမယ့် စိတ်ခံစားချက်ဖောက်ပြန်နေသည့် လူတစ်ယောက်က သူ့ခင်ပွန်းနဲ့သူ့သွေးသားပေါ်မှာ စိတ်အပြည့်အဝရှိနိုင်ပါအုံးမလား။

အကိုငိုနေတဲ့အချိန်တွေကို ဆောင်းဦး မြင်သွားလို့ဘာမှမဖြစ်ပေမယ့် ကလေးငယ်က မြင်သွားသည့်အခါ ပထမတစ်ကြိမ်တော့ အကိုလိမ်၍ဖြေလို့ရနိုင်ပါသည်။ကလေးအရွယ်ရောက်လာတဲ့အခါ သူ့ဖေကြီးက သူ့ဖေဖေကိုစိတ်ခံစားချက်မရှိဘဲ အခြားတစ်ယောက်အပေါ် စိတ်ခံစားချက်ရှိနေသည်ကို သိရှိသွားလိမ့်မည်။ထိုအခါ ကလေးစိတ်တွင် ဒဏ်ရာကျန်ရစ်ခဲ့လိမ့်မည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now